ကိုရီးယားပြည့်သူ့သမ္မတနိုင်ငံ ဘူဆန်မြို့ကောင်စစ်ဝန်နှင့်အဖွဲ့ လာရောက်တွေ့ဆုံ
Written by UMFCCI Administrator // February 21, 2015 // UMFCCI News // No comments
ကိုရီးယားပြည့်သူ့သမ္မတနိုင်ငံ ဘူဆန်မြို့ကောင်စစ်ဝန်Mr. Won Bae Dahn ပါဝင်သော အဖွဲ့ဝင် (၉) ဦးပါ ကိုယ်စားလှယ်အဖွဲ့သည် ကုန်သည်စက်မှုအသင်းချုပ်သို့ ၂၀၁၅ခုနှစ် ဖေဖော်ဝါရီလ ၆ရက် မွန်းလွဲ ၂နာရီတွင် အသင်းချုပ် စတုတ္ထထပ်၌ လာရောက်တွေ့ဆုံခဲ့ပါသည်။
တွေ့ဆုံပွဲသို့ အသင်းချုပ် ဥက္ကဋ္ဌဦးဝင်းအောင်၊ ဒုတိယဥက္ကဋ္ဌများ ဖြစ်ကြသော ဒေါက်တာ မောင်မောင်လေး၊ ဒေါက်တာမျိုးသက်၊ အမှုဆောင်အရာရှိချုပ် ဦးတင့်ဆွေ နှင့်တာဝန်ရှိသူများ တက်ရောက်ခဲ့ ကြပါသည်။ တွေ့ဆုံပွဲတွင် ဆောက်လုပ်ရေးနှင့် ဆက်စပ်ပစ္စည်းများ၊ ပရိဘောဂ ပစ္စည်းများနှင့် မြန်မာနိုင်ငံထွက် သစ်မာများ၊ မြန်မာနိုင်ငံ၏ ရင်းနှီးမြှပ်နှံမှု အခြေအနေများ၊ ပူးပေါင်းဆောင်ရွက်မှု အခြေအနေများကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြပြီး တွေ့ဆုံပွဲကို မွန်းလွဲ၃နာရီတွင်ရုတ်သိမ်းခဲ့ပါသည်။
ကုန်သည်စက်မှုအသင်းချုပ်