စားသောက်ကုန်ဘေးကင်း လုံခြုံရေးဆိုင်ရာ အလေ့အထများ တိုးတက်စေရေးရည်ရွယ်ကာ Food Safety Training များ သင်ကြားပို့ချ
Written by UMFCCI Administrator // February 8, 2019 // UMFCCI News // No comments
မြန်မာနိုင်ငံ၏ ပို့ကုန်တိုးမြှင့်ရေး၊ ရင်းနှီးမြှုပ်နှံမှုများနှင့် အလုပ်အကိုင်အခွင့်အလမ်းများ တိုးပွား လာစေရေးအတွက် လယ်ယာသားငါးကဏ္ဍနှင့်စားသောက်ကုန်ကဏ္ဍတို့မှ ပြည်ပတင်ပို့သူများ၊ စက်ရုံ အလုပ်ရုံများကို နိုင်ငံတကာဈေးကွက်သို့ ထိုးဖောက်ရာတွင် လိုအပ်သော စားသောက်ကုန်ဘေးကင်း လုံခြုံရေးဆိုင်ရာ အလေ့အထများ တိုးတက်စေရန်အတွက် နည်းပညာအကူအညီများ ပံ့ပိုးပေးရန် ရည် ရွယ်ချက်ဖြင့် ဒုတိယအကြိမ်မြောက် Train-the-Trainers workshop: IFC Food Safety Foundation Course for Consultants ကို ကျင်းပခဲ့သည်။
ပထမအကြိမ်သင်တန်းကို ၂၀၁၈ခုနှစ်၊ နိုဝင်ဘာလတွင် ဖွင့်လှစ်ခဲ့ပြီး ယခု ဒုတိယအကြိမ်မြောက်ကို ကုန်သည်စက်မှုအသင်းချုပ်၌ ဖေဖော်ဝါရီ ၄ ရက်မှ ၆ ရက်နေ့အထိ ကျင်းပပြုလုပ်ခဲ့သည်။
ယင်း သင်တန်းကို ကုန်သည်စက်မှုအသင်းချုပ်နှင့် International Finance Corporation (IFC) တို့ပူးပေါင်း၍ ကျင်းပခဲ့ခြင်းဖြစ်ပြီး ဖွင့်ပွဲအခမ်းအနားသို့ ကုန်သည်စက်မှုအသင်းချုပ် ဒုတိယ ဥက္ကဋ္ဌဦးရဲမင်းအောင်၊ IFC မှ Country Officer ဒေါ်ခင်သီတာမော်တို့အပါအဝင် အသင်းချုပ်နှင့်IFC တို့မှ တာဝန်ရှိသူများတက်ရောက်ခဲ့ကြသည်။ သင်တန်းသို့ ကုန်သည်စက်မှုအသင်းချုပ်နှင့်ညီနောင်အသင်းများမှ တက်ရောက်သူ စုစုပေါင်း (၁၆) ဦး တက်ရောက်ခဲ့ပါသည်။
ထို့အတူ ကုန်သည်စက်မှုအသင်းချုပ်၌ ဖေဖော်ဝါရီ ၇ ရက်မှစတင်ကာ ဖေဖော်ဝါရီ ၉ ရက်နေ့ အထိ IFC မှ ကျွမ်းကျင်ပညာရှင်များက “IFC food Safety Foundation Course for Quality and Food Safety Teams” အမည်ဖြင့်လည်း သင်တန်းများပို့ချလျက်ရှိရာ သင်တန်းသား (၂၆)ဦး တက်ရောက်လျက်ရှိပါသည်။
ကုန်သည်စက်မှုအသင်းချုပ်