ဆားဘီးယားနိုင်ငံ၊ ဘဲလ်ဂရိတ်မြို့တွင် ပြုလုပ်မည့် အပြည်ပြည်ဆိုင်ရာ ပရိဘောဂပြပွဲသို့ဖိတ်ကြားလာခြင်းကိစ္စ။

Written by  //  October 30, 2015  //  Exhibition News, UMFCCI News  //  No comments

ဆားဘီးယားနိုင်ငံ၊ ဘဲလ်ဂရိတ်မြို့တွင် ဆားဘီးယားနိုင်ငံ၊ ကုန်သည်များနှင့်စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းမှ ကြီးမှူး၍ ၂၀၁၅ ခုနှစ်၊ နိုဝင်ဘာလ (၁၀) ရက်နေ့ မှ (၁၅) ရက်နေ့ အထိ၊ ကျင်းပပြုလုပ်မည့် “(၅၂) ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ ပရိဘောဂ”ပြပွဲသို့ မြန်မာနိုင်ငံမှ စီးပွားရေးလုပ်ငန်းရှင်များ၊ ကုန်သည်အသင်းအဖွဲ့များမှ ပါဝင်တက်ရောက်ပြသနိုင်ပါရန် အသင်းချုပ်သို့ ရည်ညွန်းချက်ပါစာဖြင့် ပေးပို့ ဖိတ်ကြားလာပါသည်။
အဆိုပါပြပွဲအား ပထမဆုံးအကြိမ်အဖြစ် ပရိဘောဂပြပွဲကြီးမှူးသူများနှင့် ပူးပေါင်း၍ “Hosted Buyer” စနစ်ကို ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ ပြပွဲကို ၂၉,၀၀၀ စတုရန်းမီတာ အကျယ်ရှိသော ခန်းမကြီးအတွင်း ပြုလုပ်မည်ဖြစ်ပြီး ပရိဘောဂများ ပြသမည့်သူ ၄၀၀ တို့က မှတ်ပုံတင်ထားကြကြောင်း၊ ၎င်းတို့အနက် သုံးပုံတစ်ပုံမှ နိုင်ငံခြားမှ လာရောက်ပြသမည်ဖြစ်ကြောင်း၊ ပရိသတ်ခြောက်သောင်းခန့် လာရောက်ကြည့်ရှု့ရန် မျှော်မှန်းထား ကြောင်း၊ ၂၀၁၄ ခုနှစ်တွင် ပြပွဲ၌ ပါဝင်သည့် ကုမ္ပဏီပေါင်း (၃၈၁) ခုရှိပြီး ပြည်တွင်း (၂၈၃) ခု နှင့် ပြည်ပမှ (၉၈) ခု ဖြစ်ကြောင်း၊ တက်ရောက်မည့်သူများနှင့်ဝယ်ယူသူများစာရင်းတွင် ပါဝင်သူများအနက် အချို့ကို ရွေးချယ်၍ ခရီး စရိတ်နှင့် နေရာထိုင်ခင်းပေးမည်ဖြစ်ကြောင်း စသည်ဖြင့် ဖော်ပြပါရှိပါသည်။
သို့ဖြစ်ပါ၍ အဆိုပါပြပွဲသို့ ကုန်သည်စက်မှုအသင်းချုပ်၊ ညီနောင်အသင်းများမှ အသင်းသားများ၊ စီးပွားရေး လုပ်ငန်းရှင်များအနေဖြင့် ပါဝင်တက်ရောက်ပြသနိုင်ပါရန်နှင့် အသေးစိတ်အချက်အလက်များ သိရှိလိုပါက CHAMBER OF COMMERCE AND INDUSTRY OF SERBIA, Tel: +381 11 33 00 900, Fax: +381 11 32 30 နှင့် အသင်းချုပ်၊ ပြပွဲဌာနစိတ် Phone: 214344~49 Ext: 301, E-mail:ma@umfcci.com.mm သို့ ဆက်သွယ်မေးမြန်းနိုင်ပါကြောင်း အကြောင်းကြား ဖိတ်ကြားအပ်ပါသည်။
ကုန်သည်စက်မှုအသင်းချုပ်

GDE Error: Error retrieving file - if necessary turn off error checking (404:Not Found)

About the Author

UMFCCI Administration Team. Please contact the Public Relations Unit at UMFCCI, Tel: 01-2314344 Ext 323.

View all posts by

Leave a Comment

comm comm comm