တရုတ်ဈေးကွက်သို့ ပို့ကုန်ဈေးကွက်ထိုးဖောက်ချင်သော စီးပွားရေးလုပ်ငန်းရှင်များ တက်ရောက်သင့်သော How To Export To China အလုပ်ရုံဆွေးနွေးပွဲ
Written by UMFCCI Administrator // September 29, 2016 // Seminars, UMFCCI News, Uncategorized // No comments

ကုန်သည်စက်မှုအသင်းချုပ် နှင့် နိုင်ငံတကာ ကုန်သွယ်ရေးစင်တာ (International Trade Center) တို့ပူးပေါင်း၍ “How To Export To China” အလုပ်ရုံဆွေးနွေးပွဲကို ၂၀၁၆ ခုနှစ် အောက်တိုဘာလ ၃ရက်နေ့နှင့် ၄ရက်နေ့များတွင် ကျင်းပမည်ဖြစ်ပါသည်။
အဆိုပါဆွေးနွေးပွဲတွင်
“Enhancing Export Capacities of Asian LDCs for Intra-regional Trade” စီမံချက်အရ
ဖွံဖြိုးမှုအနည်းဆုံးနိုင်ငံများ၏ အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံဖြိုးတိုးတက်ရေးအတွက် တရုတ်ဈေးကွက်သို့ ပို့ကုန် ဈေးကွက် ထိုးဖောက်နိုင်ရေး၊
မြန်မာ့ထွက်ကုန်များ တရုတ်ဈေးကွက်သို့ အဆင်ပြေချောမွေ့စွာ တင်ပို့နိုင်ရေး အတွက် သိသင့် သိထိုက်သော ဆောင်ရွက်သင့်သည့်အချက်အလက်များ၊
စိန်ခေါ်နေမှုများနှင့် အခွင့်အလမ်းကောင်းများ
ဆွေးနွေးကြမည်ဖြစ်ပါသည်။
သို့ဖြစ်ပါ၍ တက်ရောက်ရန် စိတ်ပါဝင်စားသောစီးပွားရေး လုပ်ငန်းရှင်များအနေဖြင့်အောက်တွင် form ပုံစံအား download ရယူဖြည့်စွက်ပြီး ၃၀.၉.၂၀၁၆ ရက်နေ့နောက်ဆုံးထား၍ အသင်းချုပ် နိုင်ငံတကာ ဆက်ဆံရေးဌာန၊ Email: ird@umfcci.cm.mm သို့ အမည်စာရင်းပေးပို့ပေးနိုင်ပါရန် ဖိတ်ခေါ်အပ်ပါသည်။
ကုန်သည်စက်မှုအသင်းချုပ်