တိုင်းပြည်၏အနာဂတ်ခေါင်းဆောင်ကောင်းများပေါ်ထွန်းလာစေရန် တိုက်တွန်းခဲ့သည့် Leadership Forum

Written by  //  July 24, 2017  //  UMFCCI News  //  No comments

ကုန်သည်စက်မှုအသင်းချုပ် (UMFCCI)နှင့် University of the Thai Chamber of Commerce (UTCC) တို့ပူးပေါင်း၍ ဖွင့်လှစ်သည့် Global MBA offshore program မှ ကျောင်းသူကျောင်းသားများအတွက် ရည်ရွယ်ကျင်းပခဲ့သော Leadership Forum ကို ယမန်နေ့ညနေပိုင်းတွင် အသင်းချုပ် မင်္ဂလာခန်းမ၌ ကျင်းပ ခဲ့သည်။

အသင်းချုပ်နှင့် UTCC တို့ပူးပေါင်း၍ MBA program ကို ၂၀၁၂ ခုနစ် သြဂုတ်လတွင် စတင်ဖွင့်လှစ်ခဲ့ရာ ယခုအခါ 9th Batch အထိ ဖွင့်လှစ်နိုင်ခဲ့သည်။
“UTCC နှင့် ပူးပါင်း၍ BBA program ကို ထပ်မံဖွင့်လှစ်သွားမှာ ဖြစ်ပြီး ကုန်သည်စက်မှုအသင်းချုပ်အနေဖြင့် ရန်ကုန်မြို့တွင် တက္ကသိုလ် (University) တည်ထောင်သွားမည် ဖြစ်ပါတယ်” ဟု အသင်းချုပ် ဒုတိယဥက္ကဋ္ဌ ဒေါက်တာမျိုးသက်မှ အဖွင့်အမှာစကားတွင် အသိပေး ပြောကြားခဲ့သည်။
ပါမောက္ခ ဒေါက်တာအောင်ထွန်းသက်မှ “Future of Management Education” ခေါင်းစဉ်ဖြင့် ဆွေးနွေး ပြောကြားခဲ့ရာ
“MBA လူငယ်များအနေဖြင့် ခေါင်းဆောင်နိုင်မှု(Leadership)လိုအပ်သလို စီမံခန့်ခွဲနိုင်ဖို့ (Management) လည်း အရေးကြီးပါတယ်၊ အရည်အသွေး(Quality) ကို ဦးစားပေးမှ တိုင်းပြည်တိုးတက်မှာဖြစ်သလို တိုင်းပြည်၏ အနာဂတ်ခေါင်းဆောင်များ ဖြစ်လာနိုင်မယ်၊
နိုင်ငံတကာမှာပြသနိုင်အောင် Made in Myanmar ကုန်ပစ္စည်းများကို ပြသနိုင်ဖို့လိုအပ်ပါတယ်၊ ဒီနေရာမှာရှိနေတဲ့ လူငယ်များကြိုးစားပေးကြပါ၊ MBA ရရှိပြီးသူများလည်း ဒေါက်တာဘွဲ့များရရှိသည်အထိ ကြီုးစားဆောင်ရွက်ပါ” ဟု တိုက်တွန်းပြောကြားခဲ့သည်။

အသင်းချုပ်တွဲဖက်အထွေထွေအတွင်းရေးမှူး ဒေါ်ခိုင်ခိုင်နွယ်မှ လူငယ်စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် United Nations Global Compact Network ၏ အခြေခံမူ (၁၀)ချက်ကို ဖတ်ရှုလေ့လာ၍ UNGC Network ထဲ ဝင်သင့်ကြောင်း အကြံပြုပြောကြားခဲ့သည်။


အခမ်းအနားအပြီးတွင် UTCC ၏ Dean of International College , Dr.Jakarin Srimoon မှ ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့ပြီး ပါမောက္ခ ဒေါက်တာအောင်ထွန်းသက်အား အမှတ်တရလက်ဆောင်ပေးအပ်ခဲ့သည်။

ယနေ့ Forum သို့ Global MBA offshore program မှ ဘွဲ့ရရှိပြီးသူများ၊ တက်ရောက်ဆဲ ကျောင်းသားကျောင်းသူများနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့ကြသည်။

အဆိုပါ Leadership Forum ကို အပိုင်း(၃)ပိုင်းခွဲ၍ ကျင်းပခြင်းဖြစ်ပြီး ဇူလိုင်(၂၉)ရက်နေ့တွင် ဆရာကြီး ဦးမြင့်မှ Corruption, Causes, Consequences and Cure ၊ သြဂုတ်လတွင် DICA ညွှန်ကြားရေးမှူးချုပ် ဦးအောင်နိုင်ဦးမှ Generation of Investment Policies in Myanmar ခေါင်းစဉ်ဖြင့် ဆွေးနွေးပြောကြားသွား မည် ဖြစ်ကြောင်း သိရှိရသည်။

ကုန်သည်စက်မှုအသင်းချုပ်

About the Author

View all posts by

Leave a Comment

comm comm comm