ပညာသင်ဆုများ လျောက်ထားနိုင်ပါပြီ
Written by UMFCCI Administrator // February 21, 2018 // Scholarships // No comments

သြစတေးလျနိုင်ငံမှ ပေးအပ်သည့် “Australia Awards Scholarship Program 2019 Intake” မဟာဘွဲ့ ပညာသင်ဆုများ
လျှောက်ထားနိုင်သည့် ဘာသာရပ်များမှာ (၁) Human Development with an emphasis on quality education (၂) Peace, Governance and Humanitarian Assistance (၃) Inclusive Economic Growth, Private Sector Development, Government Management and Agriculture ဘာသာရပ်များသို့ လျှောက်ထားနိုင်ပါတယ်။
ပညာသင်ဆုများကို လျှောက်ထားရန် စိတ်ပါဝင်စားပါက အသေးစိတ်အချက်အလက်များကို Website: australiaawards.gov.au, https://oasis.dfat.gov.au/ တွင် ၀င်ရောက်လေ့လာနိုင်ပြီး အသင်းချုပ်ရဲ့ ခွင့်ပြုချက်ဖြင့် လျှောက်ထားရမှာ ဖြစ်ပါတယ်။
ပညာသင်ဆုများသို့ သတ်မှတ်အရည်အချင်းများနှင့် ကိုက်ညီသော ကုန်သည်စက်မှုအသင်းချုပ် ၀န်ထမ်းများ၊ ညီနောင်အသင်းများမှ ၀န်ထမ်းများ၊ ကုန်သည်စက်မှုအသင်းချုပ် အသင်းဝင်ကုမ္ပဏီများ၏ အဖွဲ့ဝင်များ (သို့) ၀န်ထမ်းများ လျှောက်ထားနိုင်ပါတယ်။ ခွင့်ပြုချက် ရယူလိုပါက အသင်းချုပ်၊ အမှုဆောင်အရာရှိချုပ်ထံ လိပ်မူ၍ ကိုယ်တိုင်ရေးလျှောက်လွှာ (၁)စောင်၊ ဓါတ်ပုံ(၃)ပုံ၊ အသင်းဝင်ကဒ်မိတ္တူ၊ မှတ်ပုံတင်မိတ္တူတို့ကို ပူးတွဲ၍ အသင်းချုပ်နှင့် ညီနောင်အသင်းများမှ အမှုဆောင်/၀န်ထမ်း၊ အသင်းချုပ် အသင်းဝင်ကုမ္ပဏီများမှ အဖွဲ့ဝင် (သို့) ၀န်ထမ်းဖြစ်ကြောင်း ထောက်ခံစာတို့နှင့်အတူ ၃၀.၄.၂၀၁၈ ရက်နေ့ထက် နောက်မကျပဲ လျှောက်ထားရမှာ ဖြစ်ပါတယ်။
ဘရူနိုင်းနိုင်ငံမှ ပေးအပ်သည့် “Scholarship on Enhancing Professional Communication Skills for ASEAN” ပညာသင်ဆုများ
ဘရူနိုင်းအစိုးရအနေဖြင့် အာဆီယံနိုင်ငံများ၏ ပြောဆိုဆက်သွယ်မှုရေးရာကဏ္ဍကို ပိုမိုမြှင့်တင်စေနိုင်ရန် အတွက် ဗီယက်နမ်နိုင်ငံ၊ ဒါနမ်းမြို့ရှိ UBD-FPT Global Center ၌ အဆိုပါ Programme များကို ဆောင်ရွက်သွားမည် ဖြစ်ပြီး Programme 1 (Professional Communications in English) နှင့် Programme 2 (Intensive English Proficiency Course (IEFC)) တို့အား သင်ကြားပေးသွားမှာ ဖြစ်ပါတယ်။
ပညာသင်ဆုများသို့ သတ်မှတ်အရည်အချင်းများနှင့် ကိုက်ညီသော ကုန်သည်စက်မှုအသင်းချုပ် ၀န်ထမ်းများ၊ ညီနောင်အသင်းများမှ ၀န်ထမ်းများ၊ ကုန်သည်စက်မှုအသင်းချုပ် အသင်းဝင်ကုမ္ပဏီများ၏ အဖွဲ့ဝင်များ (သို့) ၀န်ထမ်းများ လျှောက်ထားနိုင်ပါတယ်။ လျှောက်ထားသူများသည် အာဆီယံနိုင်ငံသား ဖြစ်ရမည်ဖြစ်ပြီး Programme 1 အတွက် အင်္ဂလိပ်စာ အရည်အချင်း သတ်မှတ်ချက် IELTS 5.0 (သို့) ၄င်းနှင့် ညီမျှသောအဆင့်၊ Programme 2 အတွက် IELTS 4.5-5.0 (သို့) ၄င်းနှင့် ညီမျှသောအဆင့် ရှိရမှာ ဖြစ်ပြီး သင်တန်းကြေး၊ အသွား/အပြန် လေယာဉ် စရိတ်၊ နေထိုင်စားသောက်စရိတ်နှင့် ကျန်းမာရေး အာမခံစရိတ်တို့အား ဘရူနိုင်းအစိုးရမှ ထောက်ပံ့ပေးမှာ ဖြစ်ပါတယ်။
အသေးစိတ် အချက် အလက်များကို Website : applypcss@mfa.gov.bn သို့ ၀င်ရောက်လေ့လာနိုင်ပြီး အသင်းချုပ်၏ ခွင့်ပြုချက်ဖြင့် လျှောက်ထားရမှာ ဖြစ်ပါတယ်။
တရုတ်ပြည်သူ့သမ္မတနိုင်ငံ အစိုးရမှ ပေးအပ်သည့် “2018/2019 Chinese Government Scholarship”
တရုတ်ပြည်သူ့သမ္မတနိုင်ငံ အစိုးရမှ ပေးအပ်သည့် “2018/2019 Chinese Government Scholarship” ၀ိဇ္ဇာ/ သိပ္ပံဘွဲ့သင်တန်း၊ မဟာဘွဲ့သင်တန်း၊ ပါရဂူဘွဲ့သင်တန်း၊ Diploma သင်တန်းများ လျှောက်ထားနိုင်ပါပြီ။
အသေးစိတ်အချက်အလက်များကို Website: http://www.campuschina.org သို့ ၀င်ရောက်လေ့လာနိုင်ပြီး အသင်းချုပ်၏ ခွင့်ပြုချက်ဖြင့် လျှောက်ထားရမှာ ဖြစ်ပါတယ်။
ပညာသင်ဆုများသို့ သတ်မှတ်အရည်အချင်းများနှင့် ကိုက်ညီသော ကုန်သည်စက်မှုအသင်းချုပ် ၀န်ထမ်းများ၊ ညီနောင်အသင်းများမှ ၀န်ထမ်းများ၊ ကုန်သည်စက်မှုအသင်းချုပ် အသင်းဝင်ကုမ္ပဏီများ၏ အဖွဲ့ဝင်များ (သို့) ၀န်ထမ်းများ လျှောက်ထားနိုင်ပါတယ်။ခွင့်ပြုချက် ရယူလိုပါက အသင်းချုပ်၊ အမှုဆောင်အရာရှိချုပ်ထံ လိပ်မူ၍ ကိုယ်တိုင်ရေးလျှောက်လွှာ (၁)စောင်၊ ဓါတ်ပုံ(၃)ပုံ၊ အသင်းဝင်ကဒ်မိတ္တူ၊ မှတ်ပုံတင်မိတ္တူတို့ကို ပူးတွဲ၍ အသင်းချုပ်နှင့် ညီနောင်အသင်းများမှ အမှုဆောင်/၀န်ထမ်း၊ အသင်းချုပ် အသင်းဝင်ကုမ္ပဏီများမှ အဖွဲ့ဝင် (သို့) ၀န်ထမ်းဖြစ်ကြောင်း ထောက်ခံစာတို့နှင့်အတူ ၂၅.၃.၂၀၁၈ ရက်ထက် နောက်မကျပဲ လျှောက်ထားရမည် ဖြစ်ပါသည်။ အသေးစိတ်သိရှိလိုပါက HRD ဌာန၊ ဖုန်းနံပါတ် ၀၁-၂၃၁၄၃၄၄ ~ ၄၉၊ Ext: ၁၃၃၊ ၁၃၄ သို့ ဆက်သွယ်စုံစမ်း မေးမြန်းနိုင်ပါကြောင်း အကြောင်းကြားအပ်ပါတယ်။
တူရကီနိုင်ငံ အစိုးရမှ ပေးအပ်သည့် “Turkiye Scholarships”
တူရကီနိုင်ငံ အစိုးရမှ ပေးအပ်သည့် “Turkiye Scholarships” ဘွဲ့ကြို၊ ဘွဲ့၊ ပါရဂူဘွဲ့ သင်တန်းများကို လျှောက်ထားနိုင်ပါပြီ။
အသေးစိတ်အချက်အလက်များကို Website: https://www.turkiyeburslari.
ပညာသင်ဆုများသို့ သတ်မှတ်အရည်အချင်းများနှင့် ကိုက်ညီသော ကုန်သည်စက်မှုအသင်းချုပ် ၀န်ထမ်းများ၊ ညီနောင်အသင်းများမှ ၀န်ထမ်းများ၊ ကုန်သည်စက်မှုအသင်းချုပ် အသင်းဝင်ကုမ္ပဏီများ၏ အဖွဲ့ဝင်များ (သို့) ၀န်ထမ်းများ လျှောက်ထားနိုင်ပါတယ်။ခွင့်ပြုချက် ရယူလိုပါက အသင်းချုပ်၊ အမှုဆောင်အရာရှိချုပ်ထံ လိပ်မူ၍ ကိုယ်တိုင်ရေးလျှောက်လွှာ (၁)စောင်၊ ဓါတ်ပုံ(၃)ပုံ၊ အသင်းဝင်ကဒ်မိတ္တူ၊ မှတ်ပုံတင်မိတ္တူတို့ကို ပူးတွဲ၍ အသင်းချုပ်နှင့် ညီနောင်အသင်းများမှ အမှုဆောင်/၀န်ထမ်း၊ အသင်းချုပ် အသင်းဝင်ကုမ္ပဏီများမှ အဖွဲ့ဝင် (သို့) ၀န်ထမ်းဖြစ်ကြောင်း ထောက်ခံစာတို့နှင့်အတူ ၅.၃.၂၀၁၈ ရက်ထက် နောက်မကျပဲ လျှောက်ထားရမည် ဖြစ်ပါသည်။ အသေးစိတ်သိရှိလိုပါက HRD ဌာန၊ ဖုန်းနံပါတ် ၀၁-၂၃၁၄၃၄၄ ~ ၄၉၊ Ext: ၁၃၃၊ ၁၃၄ သို့ ဆက်သွယ်စုံစမ်း မေးမြန်းနိုင်ပါတယ်။
ကုန်သည်စက်မှုအသင်းချုပ်