ဘီလာရုနိုင်ငံတွင် ယခုနှစ်အတွင်းကျင်းပမည့် ကုန်စည်ပြပွဲများ၊ စီးပွားရေးလုပ်ငန်းရှင်များတွေ့ဆုံပွဲများသို့ ဖိတ်ကြားခြင်း
Written by UMFCCI Administrator // February 25, 2015 // Trade Fairs and Exhibitions, UpComing Events // No comments
ဥရောပတိုက် အရှေ့ပိုင်းရှိ ဘီလာရုနိုင်ငံနှင့် မြန်မာနိုင်ငံတို့အကြား ချစ်ကြည်ရင်းနှီးမှုနှင့် စီးပွားရေးပူးပေါင်းလုပ်ဆောင်မှုများ မြှင့်တင်ရန်ရည်ရွယ်ချက်ဖြင့် ဘီလာရုနိုင်ငံတွင်၂၀၁၅ ခုနှစ်အတွင်း၌ ကျင်းပမည့် နိုင်ငံတကာ ကုန်စည်နှင့် ဝန်ဆောင်မှုဆိုင်ရာပြပွဲများ ၂၅ ပွဲကျော်သို့ မြန်မာစီးပွားရေး လုပ်ငန်းရှင်များအား ဖိတ်ကြားခဲ့ပါသည်။
၎င်းပြပွဲများမှာ မော်တော်ယာဉ်စက်ပစ္စည်းပြပွဲမှအစ စွမ်းအင်ဆိုင်ရာ ပြပွဲများ၊ ပညာရေးဆိုင်ရာပြပွဲများ အထိ အမျိုးအစားနှင့် ကဏ္ဍနယ်ပယ်ဆုံလင်မည်ဖြစ်ပါသည်။ ၎င်းပြပွဲများအပြင် ဘီလာရုနိုင်ငံ ကုန်သည်စက်မှု အသင်း (BelCCI) ၏ စီစဉ်မှုဖြင့် ဘီလာရု-မြန်မာ စီးပွားရေး ဖိုရမ်များနှင့် နှစ်ဖက်နိုင်ငံ စီးပွားရေးလုပ်ငန်းရှင်များ တွေ့ဆုံဆွေးနွေး စီးပွားရေးပူးပေါင်းလုပ်ဆောင်နိုင်မည့် အစီအစဉ်များလည်းပါရှိမည်ဖြစ်ပါသည်။
ပြပွဲများဆိုင်ရာ အချက်အလက်များကို ပူးတွဲပါ PDF စာဖိုင်တွင်လည်းကောင်း၊ ဝက်ဘ်ဆိုက်လိပ်စာ www.cci.by တွင် လည်းကောင်း ဖတ်ရှုလေ့လာနိုင်ပြီး အသေးစိတ်သိရှိလိုပါက ကုန်သည်/စက်မှုအသင်းချုပ်၊ နိုင်ငံတကာဆက်ဆံရေးဌာန၊ ဖုန်းနံပါတ် – ၀၁-၂၁၄၃၄၄ ~ ၄၉ (လိုင်းခွဲ – ၃၁၁၊ ၁၂၂၊ ၁၂၃) သို့ ဆက်သွယ် စုံစမ်းမေးမြန်းနိုင်ပါသည်။
ကုန်သည်စက်မှုအသင်းချုပ်