အရင်းအနှီးဈေးကွက်ဖွံ့ဖြိုးရေးမှသည် နိုင်ငံ့စီးပွားရေးဖွံ့ဖြိုးတိုးတက်အောင်ဖော်ဆောင်မည်
Written by UMFCCI Administrator // March 16, 2017 // UMFCCI News // No comments

မြန်မာနိုင်ငံမှာ အရင်းအနှီးဈေးကွက် တိုးတက်ဖွံ့ဖြိုးလာပါက နိုင်ငံတော်ရဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ရှိလာမှာ ဖြစ်သလို အများပိုင်ကုမ္ပဏီတွေ၏ စီးပွားရေးတိုးတက်လာပြီး ပြည်သူတွေမှာ အလုပ်အကိုင်အခွင့်အလမ်းများစွာ ရရှိမည် ဖြစ်သည်။
မြန်မာနိုင်ငံရှိကုမ္ပဏီများသည် အရင်းအနှီးဈေးကွက်မှာ ဝင်ရောက်ရင်းနှီးမြှုပ်နံလုပ်ကိုင်ရန် တုံှ့နှေးနေကြသည့် အတွက် အရင်းအနှီးဈေးကွက်မှာ မဖွံ့ဖြိုးသေးတာ တွေ့ရသည်။
“ကုမ္ပဏီများသည် နောင် (၁၀)နှစ်မှာ YSX စာရင်းဝင်ဖို့မှန်းထားရင် (၅)နှစ်အတွင်း စာရင်းဝင်အောင် ကြိုးစားပါ၊ (၅)နှစ်အတွင်း စာရင်းဝင်ဖို့မှန်းထားရင် (၃)နှစ်စာရင်းဝင်ဖို့ကြိုးစားပေးပါ” ဟု ငွေကြေးသက်သေခံလက်မှတ်လုပ်ငန်း ကြီးကြပ်ရေးကော်မရှင် အဖွဲ့ဝင် ဦးဌေးချွန်မှ တိုက်တွန်းပြောကြားခဲ့သည်။
ရင်းနှီးမြှုပ်နှံမှုဈေးကွက် ကျယ်ကျယ်ပြန့်ပြန့်ဖြစ်ပေါ်လာရေးအတွက် ငွေကြေးသက်သေခံလက်မှတ်လုပ်ငန်း ကြီးကြပ်ရေးကော်မရှင်သည် ပြည်သူများအား ယခုလို အသိပညာပေးဆွေးနွေးပွဲများကို မကြာခဏ ပြုလုပ်ပေးခဲ့သည့်အလျောက် ယခုအခါ UMFCCI ၊ Allen & Gledhill တို့နှင့် ပူးပေါင်းကျင်းပခြင်း ဖြစ်သည်။
စတော့ရှယ်ယာစနစ် ၊ စတော့ရောင်းဝယ်ရေးတွေနဲ့ စပ်လျဉ်းပြီး ပြည်သူများအကြား အသိပညာ အတွေ့အကြုံများ များစွာရှိလာမှသာ အရင်းအနှီးဈေးကွက်အပေါ် အထူးအာရုံစိုက်လာကြမည်ဖြစ်သည်။
ယနေ့ seminarမှ အများပိုင်ကုမ္ပဏီတွေဖွံ့ဖြိုးတိုးတက်ဖို့၊ အများနှင့်မသက်ဆိုင်သောကုမ္ပဏီသည် အများပိုင် ကုမ္ပဏီဖြစ်ဖို့ ၊ Yangon Stock Exchange မှာ စာရင်းဝင်ဖို့ ရည်ရွယ်ပါသည်။
Yangon Stock Exchange မှာ စာရင်းဝင်ခြင်းဖြင့် ကုမ္ပဏီများအတွက် အကျိုးကျေးဇူးများရရှိစေခြင်း၊ စီးပွားရေး အထောက်အကူပြုမည့်အခွင့်အလမ်းများ၊ ရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်း များရရှိစေမည် ဖြစ်ပါသည်။
ငွေချေးသက်သေခံလက်မှတ်လုပ်ငန်းကြီးကြပ်ရေးကော်မရှင် အဖွဲ့ဝင် ဒေါ်တင်လှကြည်၊ UMFCCI အထွေထွေအတွင်းရေးမှူးချုပ် ဦးအောင်ကြည်စိုးတို့မှ တက်ရောက်အမှာစကားပြောကြားခဲ့ပြီး၊ SECM အဖွဲ့ဝင် ဦးဋ္ဌေးချွန်မှ ဥပဒေရေးရာ အခြေခံအဆောက်အအုံနှင့် အဖွဲ့အစည်းဆိုင်ရာ အခြေခံ အဆောက်အအုံများ ခေါင်းစဉ်ဖြင့် ဆွေးနွေးပြောကြားခဲ့ပြီး
Allen & Gledhill ၏ မန်နေဂျင်းဒါရိုက်တာ ဦးမင်းနိုင်ဦးမှ “Capital Market in Myanmar Practical Consideration “ ခေါင်းစဉ်ဖြင့် ဆွေးနွေးပြောကြားခဲ့သည်။
ဆွေးနွေးခဲ့သည့် Powerpoints များကို အောက်ပါ Link တွင် download ရယူနိုင်သည်။
ကုန်သည်စက်မှုအသင်းချုပ်