အမေရိကန်နိုင်ငံမှ ပြန်လည်ပေးအပ်သော GSP အစီအစဉ်အရ ခွင့်ပြုထားသော ကုန်စည်လိုင်းများ အကောက်ခွန် ကင်းလွှတ်ခွင့်နှင့် ပက်သက်၍ သိရှိစေရန်
Written by UMFCCI Administrator // November 25, 2016 // Notifications // No comments

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ မြန်မာနိုင်ငံသည် အမေရိကန်နိုင်ငံက တစ်ဖက်သတ်ပေးအပ်သော GSP အခွင့်အရေးကို ခံစားခွင့်ရရှိသည့် ဖွံ့ဖြိုးမှု အနည်းဆုံးနိုင်ငံ ( Least Developed Benificary Develioping Country- LDBDC) အဖြစ်၂၀၁၆ခုနှစ်၊ နိုဝင်ဘာလ(၁၃) ရက်နေ့မှ စတင်ကာ ပြန်လည်ခံစားခွင့်ရရှိခဲ့ကြောင်း၊ GSP အစီအစဉ်အရ ဖွံ့ဖြိုးဆဲနိုင်ငံများ ခံစားခွင့်ရှိသော (Beneficiary Developing Countries-BDC) အတွက် အကောက်ခွန်ကင်း လွတ်ခွင့်ပေးထားသော ကုန်စည်လိုင်း (၃၅၀၀) ခန့်ရှိကြောင်း၊ LDBDC နိုင်ငံများကလည်း အဆိုပါ ကုန်စည်စာရင်းကို ခံစားခွင့်ရှိကြောင်းနှင့် LDBDC နိုင်ငံများအတွက်ထပ်မံ၍ အကောက်ခွန်ကင်းလွတ် ခွင့်ပြုထားသော ကုန်စည်လိုင်း (၁၅၀၀) ၊ စုစုပေါင်း ကုန်စည်လိုင်း (၅၀၀၀)ခန့်ကို အကောက်ခွန် ကင်းလွတ်ခွင့် ခံစားရရှိမည်ဖြစ်ကြောင်းကို စီးပွားရေး နှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ ရည်ညွှန်းပါစာဖြင့် ပေးပို့လာခြင်းဖြစ်ပါသည်။
အဆိုပါ GSP အစီအစဉ်၏ သတ်မှတ်ထားသော ပင်ရင်းနိုင်ငံစည်းမျဉ်းအရ အမေရိကန်နိုင်ငံသို့ မြန်မာနိုင်ငံမှ တင်သွင်းချိန်တွင် မြန်မာနိုင်ငံမှပါဝင်ထုတ်လုပ်သော ကုန်ကြမ်းတန်ဘိုးနှင့် ထုတ်လုပ်မှု တိုက်ရိုက်ကုန်ကျစရိတ်မှာ ကုန်စည်၏ စုစုပေါင်းရာဖြတ်တန်ဘိုးတွင် ၃၅ ရာခိုင်နှုန်းထက်မနည်းပါဝင်ရန် လိုအပ်ကြောင်း၊ နောက်ဆုံးထုတ်လုပ် သောကုန်စည်များမှာ ပါဝင်ထုတ်လုပ်သော ကုန်ကြမ်းများမှ သိသာ ထင်ရှားစွာပြောင်းလဲသွားရန် (Substantially Transformed) လိုအပ်ပါကြောင်းနှင့် GSP အစီအစဉ်အရ သတ်မှတ်ပြဌာန်းထားသော ပင်ရင်းနိုင်ငံစည်းမျဉ်း၊ လုပ်ထုံးလုပ်နည်းများနှင့် ကုန်စည်စာရင်းများကို စီးပွား/ကူးသန်းဝန်ကြီးဌာန Website ဖြစ်သော www.commerce.gov.mm တွင် ၀င်ရောက် ကြည့်ရှုနိုင်ကြောင်းလည်း ဖော်ပြပါရှိပါသည်။
သို့ဖြစ်ပါ၍ အစီအစဉ်တွင် အကျုံးဝင်သော ကုန်စည်များကို အမေရိကန်နိုင်ငံသို့တင်ပို့ပါက GSP Form-A များကို ကုန်သွယ်ရေးဦးစီးဌာနတွင် ၁၃.၁၁.၂၀၁၆ ရက်နေ့မှစတင်ကာ လျှောက်ထားနိုင်ပြီ ဖြစ်ကြောင်းနှင့် လိုအပ်သလို ဆက်လက်ဆောင်ရွက်နိုင်ပါရန် အသိပေး အကြောင်းကြားအပ်ပါသည်
ပူးတွဲ – စီးပွားကူုးသန်းဝန်ကြီးဌာနမှ ပေးပို့လာသော Presentations များ၊ ကုန်စည်လိုင်းများနှင့် Guide Book များ