ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် (၂၃) ကြိမ်မြောက် နှစ်ပတ်လည်အသင်းသားစုံညီ အစည်းအဝေးကျင်းပမည့် နေ့ရက်နှင့် နေရာပြောင်းလဲခြင်း
Written by UMFCCI Administrator // July 29, 2014 // UMFCCI News // No comments
၁။ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်(UMFCCI)၏ (၂၃)ကြိမ် မြောက် နှစ်ပတ်လည်အသင်းသားစုံညီ အစည်းအဝေးကို မူလစီစဉ်ခဲ့သည့် နေ့ရက်နှင့် နေရာအစား အောက်ပါ အတိုင်း ပြင်ဆင်ကျင်းပသွားမည်ဖြစ်ပါကြောင်း ထပ်မံအသိပေး ကြေညာအပ်ပါသည်။
ကျင်းပမည့် နေ့ရက် – ၁၂.၈.၂၀၁၄ (အင်္ဂါနေ့)
ကျင်းပမည့် အချိန် – မွန်းလွဲ ၁၃း၃၀ နာရီ (၁၃း၀၀ နာရီ အရောက်နေရာယူပါရန်)
ကျင်းပမည့် နေရာ – အမျိုးသားဇာတ်ရုံ၊ မြို့မကျောင်းလမ်း၊ ဒဂုံမြို့နယ်၊ ရန်ကုန်မြို့။
၂။ နေရာထိုင်ခင်း အဆင်ပြေစွာ ကြိုတင်စီစဉ်နိုင်ရန်အတွက် တက်ရောက်ကြမည့် အသင်းသားများ၏ အမည်စာရင်းကို ၉.၈.၂၀၁၄ ရက် (စနေနေ့) မွန်းလွဲ ၁၂း၀၀ နာရီ နောက်ဆုံးထား၍ ကုန်သည်စက်မှု အသင်းချုပ်ရုံး တည်ရှိရာ အမှတ် (၂၉)၊ မင်းရဲကျော်စွာလမ်း၊ လမ်းမတော်မြို့နယ်၊ ရန်ကုန်မြို့ (ဖုန်းနံပါတ် ၂၁၄၃၄၄ မှ ၂၁၄၃၄၉ အထိ၊ လိုင်းခွဲနံပါတ် ၁၃၁၊ ဖက်စ်နံပါတ် ၂၁၄၄၈၄ နှင့် အီးမေးလ်လိပ်စာ membership10@gmail.com) သို့ ကြိုတင် စာရင်းပေးသွင်း နိုင်ပါကြောင်း အသိပေးအကြောင်းကြား အပ်ပါသည်။
အလုပ်အမှုဆောင်အဖွဲ့