ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် နေပြည်တော် အဆောက်အဦ ဆွမ်းကျွေးမင်္ဂလာနှင့် အန္တရာယ်ကင်း ပရိတ်တရားတော်နာ အခမ်းအနားကျင်းပ

Written by  //  January 4, 2015  //  UMFCCI News  //  No comments

DSC_8545

နေပြည်တော် ဇန်နဝါရီ ၄ – နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်၊ ဥတ္တရသီရိလမ်း၊ ကျိုင်းတုံလမ်းသွယ်ရှိ ကုန်သည်စက်မှုအသင်းချုပ် နေပြည်တော် အဆောက်အဦသစ်တွင် ၂၀၁၄ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့ နံနက်ပိုင်း၌ ဆွမ်းကျွေးမင်္ဂလာနှင့် အန္တရာယ်ကင်း ပရိတ်တရားတော်နာ အခမ်းအနားကျင်းပရာ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းမြင့်နှင့် တာဝန်ရှိ ပုဂ္ဂိုလ်များ၊ ကုန်သည်စက်မှုအသင်းချုပ် တွဲဖက်အထွေထွေအတွင်းရေးမှူး ဦးအေးလွင်၊ စာရင်းစစ် ဦးစိန်ဝင်းလှိုင်၊ အသင်းချုပ် ဗဟိုအလုပ်အမှုဆောင်များနှင့် အလုပ်အမှုဆောင်များ၊ အမှုဆောင်အရာရှိချုပ် ဦးတင့်ဆွေ၊ အသင်းချုပ် ဝန်ထမ်းများ စုံညီစွာ တက်ရောက်ခဲ့ကြပါသည်။

IMG_2232

ရှေးဦးစွာ ပျဉ်းမနားမြို့ အုန်းတော ပရိယတ္တိစာသင်တိုက် ဦးစီးပဓာန နာယက ဆရာတော်နှင့်တကွ ပင့်သံဃာ ၉ ပါး တို့အား နေ့ဆွမ်း ဆပ်ကပ်လှူဒါန်းခဲ့ပါသည်။ သံဃာတော်များက ဗုဒ္ဓဘိသေက အနေကဇာတင်ခြင်းနှင့် အန္တရာယ်ကင်း ပရိတ်တရားတော်များ ဟောကြားရွတ်ဖတ်ကာ တရားနာပရိတ်သတ်များက ဆရာတော်ထံမှ ငါးပါးသီလခံယူ ဆောက်တည်ခဲ့ပါသည်။

DSC_8593

ဆက်လက်၍ ပင့်သံဃာတော် ၁၀ ပါးတို့အား ပရိက္ခရာရှစ်ပါးနှင့် လှူဖွယ်ဝတ္တုအစုစုတို့ဖြင့် ဆပ်ကပ်လှူဒါန်း ခဲ့ပါသည်။ နာယက ဆရာတော်ထံမှ အနုမောဒနာ တရားတော် နာယူပြီးလျှင် ရေစက်သွန်းချ အမျှဝေခဲ့ကာ ရွှေမိုးငွေမိုးများ ရွာသွန်းဖြိုးခဲ့ပြီး အခမ်းအနားကို မွန်းလွဲပိုင်းတွင် အောင်မြင်စွာ ရုတ်သိမ်းခဲ့ပါသည်။
ကုန်သည်စက်မှုအသင်းချုပ် နေပြည်တော်အဆောက်အဦ သစ်သည် ဥတ္တရသီရိမြို့နယ်ရှိ Ocean Supercenter နှင့် SINMA Living Mall တို့အနီးတွင် တည်ရှိပြီး မြေဧက ၆ ဧကခန့်(ပေ ၆၅၀ x ပေ ၄၀၀ ခန့်) ကျယ်ဝန်းကာ ၂၀၀၉ ခုနှစ် ဇူလိုင်လ ၁၅ ရက်နေ့တွင် အုတ်မြစ်ချ ပဏ္ဍက်ရိုက်ပြီး အလျား ၁၇၈ ပေ၊ အနံ ၁၄၄ ပေရှိ နှစ်ထပ် အဆောက်အဦကို
စတင်တည်ဆောက်ခဲ့ခြင်း ဖြစ်ပါသည်။

ကုန်သည်စက်မှုအသင်းချုပ်

About the Author

UMFCCI Administration Team. Please contact the Public Relations Unit at UMFCCI, Tel: 01-2314344 Ext 323.

View all posts by

Leave a Comment

comm comm comm