“10th Food Technology Asia 2016 Int’l Exhibition & Conference ” ပြပွဲသို့ တက်ရောက်ပါရန် ဖိတ်ကြားလာခြင်းကိစ္စ

Written by  //  March 25, 2016  //  UMFCCI News  //  No comments

၁။ ပါကစ္စတန်နိုင်ငံ၊ ကရာချီမြို့ရှိ Karachi Expo Centre တွင် ၂၀၁၆ခုနှစ်၊ မေလ (၁၀) ရက်နေ့မှ (၁၂) ရက်နေ့ အထိ Ecommerce Gateway Pakistan (Pvt) Ltd., မှ ကြီးမှူးကျင်းပပြုလုပ်မည့် “10th Food Technology Asia 2016 Int’l Exhibition & Conference” ပြပွဲသို့ သက်ဆိုင်ရာမြန်မာနိုင်ငံမှကိုယ်စားလှယ်များ၊ စီးပွားရေးလုပ်ငန်းရှင်များ၊ ကုန်သည်အသင်းအဖွဲ့များပါဝင်တက်ရောက်နိုင်ပါရန် အသင်းချုပ်သို့ရည်ညွန်းချက်ပါစာဖြင့် ဖိတ်ကြားလာပါသည်။

၂။ အဆိုပါပြပွဲသည် စားသောက်ကုန်နယ်ပယ်ရှိ ပြုလုပ်သည့်နည်းပညာမှစ၍ ကုန်ချောအထိ တစ်နေရာထဲတွင် ရရှိနိုင်သည့် one-stop shop ဖြစ်စေရန်ရည်ရွယ်၍ ကျင်းပခြင်းဖြစ်ပါကြောင်း၊ ပါဝင် တက်ရောက်ပြသမည့်သူများ အနေဖြင့် ပွဲသို့ကြွရောက်လာသည့် ၀ယ်ယူသူထောင်ပေါင်းများစွာအား ပြသနိုင်မည့်အခွင့်အလမ်းများရရှိနိုင်မည် ဖြစ်ပါကြောင်း၊ အဆိုပါ Business-to- Business ပြပွဲသည် နိုင်ငံတကာနှင့်ပါကစ္စတန်နိုင်ငံ၏ စီးပွားရေးအသိုက်အ၀န်း အား Pakistan, Afghanistan, Central Asian Republics နှင့် Middle East နိုင်ငံများ၏ဈေးကွက်များသို့ ဆက်သွယ်ပေးနိုင်မည်ဖြစ်ကာ ရင်းနှီးမြှုပ်နှံသူများအနေဖြင့် စားသောက်ကုန်နည်းပညာအခန်းကဏ္ဍတွင် ရင်းနှီးမြှုပ်နှံ နိုင်မည့်အခွင့်အလမ်းများ ရရှိနိုင်မည်ဖြစ်ပါကြောင်း စသည်ဖြင့်ဖော်ပြပါရှိပါသည်။

၃။ သို့ဖြစ်ပါ၍ တက်ရောက်လိုသော စိတ်ပါဝင်စားသည့် ကုန်သည်စက်မှုအသင်းချုပ်နှင့် ညီနောင်အသင်းများမှ အသင်းသားများ၊ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် အသေးစိတ်အချက်အလက်များ သိရှိလိုပါက Food Technology Asia Secretariat: Tel: (+92-21) 111-222-444/ 38709970, Fax: (+92-21) 3453-6330, Email:info@foodtechnologyasia.com နှင့် Website:www.foodtechno logyasia.com သို့ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ပါကြောင်း အကြောင်းကြားဖိတ်ကြားအပ်ပါသည်။

Download (PDF, 4.48MB)

About the Author

UMFCCI Administration Team. Please contact the Public Relations Unit at UMFCCI, Tel: 01-2314344 Ext 323.

View all posts by

Leave a Comment

comm comm comm