“11th Agrochemical Exhibition” ပြပွဲသို့တက်ရောက်နိုင်

Written by  //  October 17, 2016  //  Exhibition News, Trade Fairs and Exhibitions, UMFCCI News  //  No comments

အိန္ဒိယနိုင်ငံ၊ Goa ပြည်နယ်ရှိ Ramada Caravella Beach Resort တွင် ၂၀၁၆ ခုနှစ်၊ နိုဝင်ဘာလ (၁၀) ရက်နေ့မှ (၁၁)ရက်နေ့အထိ Pesticide Manufacturer & Formulators Association of India မှ ကြီးမှူးကျင်းပ ပြုလုပ်မည့် “11th Agrochemical Exhibition” ပြပွဲသို့ မြန်မာနိုင်ငံမှ သက်ဆိုင်ရာစီးပွားရေး လုပ်ငန်းရှင်များအနေဖြင့် ပါဝင်တက်ရောက်နိုင်ပါရန် အသင်းချုပ်သို့ ရည်ညွှန်းချက် ပါစာဖြင့် ပေးပို့ ဖိတ်ကြား လာပါသည်။

အဆိုပါအခမ်းအနားသို့တက်ရောက်ခြင်းဖြင့် အိန္ဒိယနိုင်ငံ၏ ထိပ်တန်း Agrochemical ကုမ္ပဏီများနှင့် တွေ့ဆုံခွင့်ရရှိမည့် အခွင့်အလမ်းအား ရရှိနိုင်မည်ဖြစ်ပါကြောင်း၊ ပြပွဲအတွင်း ပြခန်းပေါင်း (၅၄) ခုပါဝင် မည်ဖြစ်ပြီး agrochemicals၊ fertilisers၊ biological pesticides နှင့် ancillary units များအား ပြသသွားမည်ဖြစ်ကြောင်း၊ ပြပွဲအတွင်း မိမိ၏ လုပ်ငန်းအားချဲ့ထွင်နိုင်ရန်အခွင့်အလမ်းများဖြစ်သည့် အိန္ဒိယကုမ္ပဏီများနှင့် Joint Ventures၊ Joint Research and Development၊ Contract Manufacturing အစရှိသည်များအား ပြုလုပ်နိုင်မည် ဖြစ်ပါကြောင်း စသည်ဖြင့် ဖော်ပြပါရှိပါသည်။

သို့ဖြစ်ပါ၍ ပါဝင်တက်ရောက်လိုသော စိတ်ပါဝင်စားသည့် ကုန်သည်စက်မှု အသင်းချုပ်နှင့် ညီနောင်အသင်းများ မှအသင်းသားများ၊ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် အသေးစိတ် အချက်အလက်များ သိရှိလိုပါက India Embassy၊ Commercial Section၊ Tel: (951) 391219, 243972, 388412 ၊ website – www.pmfai.org , www.pmfaiicsce. org နှင့် အသင်းချုပ်ပြပွဲဌာနစိတ် ဖုန်း:၂၃၁၄၃၄၄~၄၉ Ext:၃၀၁၊ မိုဘိုင်း-၀၉-၄၅၀၂၀၀၃၅၀၊ E-mail: ma@umfcci. com.mm သို့ ဆက်သွယ်မေးမြန်းနိုင်ပါကြောင်းနှင့် Registration ပြုလုပ်မည်ဆိုပါက ဖော်ပြပါ- http://pmfaoocsce .org/registration/ တွင်ပြုလုပ် နိုင်ပါကြောင်း အသိပေး အကြောင်းကြားအပ်ပါသည်။

Download (PDF, 3.39MB)

About the Author

UMFCCI Administration Team. Please contact the Public Relations Unit at UMFCCI, Tel: 01-2314344 Ext 323.

View all posts by

Leave a Comment

comm comm comm