1st Malaysia Klang International Commodities Expo & 3rd Klang YIWU Friendship Cities International Commodities Exhibition 2015 ” သို့ ပါဝင်ပြသရန် ဖိတ်ကြားလာခြင်းကိစ္စ

Written by  //  September 29, 2015  //  Exhibition News, UMFCCI News, UpComing Events  //  No comments

၁။ အထက်အကြောင်းအရာပါကိစ္စနှင့်ပတ်သက်၍ မလေးရှားနိုင်ငံ၊ Klang Chinese Chamber of Commerce and Industry (KCCCI) သည် Yiwu Municipal People’s Governmemt ၏ ပံ့ပိုးကူညီမှုဖြင့် ၂၀၁၅ခုနှစ်၊ ဒီဇင်ဘာလ (၄) ရက်နေ့မှ (၆) ရက်နေ့အထိ၊ GM Klang Wholesale City တွင် ကျင်းပပြုလုပ်မည့် “1st Malaysia Klang International Commodities Expo & 3rd Klang YIWU Friendship Cities International Commodities Exhibition 2015 ” သို့ မြန်မာနိုင်ငံမှ စီးပွားရေးလုပ်ငန်းရှင်များ၊ ကုန်သည်အသင်းအဖွဲ့များ ပါဝင် ပြသနိုင်ပါရန် အသင်းချုပ်သို့ ရည်ညွန်းချက်ပါ စာဖြင့် ပေးပို့ ဖိတ်ကြားလာပါသည်။
၂။ အဆိုပါ ပြပွဲသည် အာဆီယံနှင့် တရုတ်နိုင်ငံအကြား International business platform တစ်ခု ဖော်ဆောင်ရန်၊ ပြည်တွင်း-ပြည်ပ အပြန်အလှန် ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် ပြည်တွင်းထုတ်ကုန်နှင့် ဝန်ဆောင်မှု များ၊ နိုင်ငံတကာ စံချိန်စံညွှန်းများနှင့်အညီဖြစ်ရေး၊ နိုင်ငံတကာမှ supplier နှင့် buyer များကို ဖိတ်ခေါ်ပြီး အကျိုးဖြစ်ထွန်းသော ဈေးကွက်များ ဖော်ဆောင်ပေးရန်တို့ ရည်ရွယ်ပါကြောင်း၊ ပြပွဲတွင် Booth တစ်ခုအတွက် USD 500 ကုန်ကျမည် ဖြစ်ပါကြောင်း စသည်ဖြင့် ဖော်ပြပါရှိပါသည်။
၃။ သို့ဖြစ်ပါ၍ အဆိုပါပြပွဲသို့ ကုန်သည်စက်မှုအသင်းချုပ်၊ ညီနောင်အသင်းများမှ အသင်းသားများ၊ စီးပွားရေး လုပ်ငန်းရှင်များအနေဖြင့် ပါဝင်ပြသနိုင်ပါရန်နှင့် ကုန်စည်ပြပွဲနှင့်ပတ်သက်၍ အသေးစိတ်အချက်အလက်များ သိရှိ လိုပါက Kelly Ooi K.L (Admin Executive,KCCCI), Tel: +603-3343 9289, Fax: +603-3344 7362, Website: www.kccci.org.my, www.klangyiwu.org, Facebook:www.facebook.com/kccci နှင့် အသင်းချုပ် ပြပွဲဌာနစိတ် Phone: 214344~49 Ext: 301, E-mail: memberaffairs@umfcci.org.mm သို့ ဆက်သွယ်မေးမြန်းနိုင်ပါကြောင်း အကြောင်းကြား ဖိတ်ကြားအပ်ပါသည်
ကုန်သည်စက်မှုအသင်းချုပ်

GDE Error: Error retrieving file - if necessary turn off error checking (404:Not Found)

About the Author

UMFCCI Administration Team. Please contact the Public Relations Unit at UMFCCI, Tel: 01-2314344 Ext 323.

View all posts by

Leave a Comment

comm comm comm