2016 Fulbright US- ASEAN Visiting Scholarship Program ပညာသင်ဆုလျှောက်ထားနိုင်ခြင်း
Written by UMFCCI Administrator // September 23, 2015 // UMFCCI News // No comments
အမေရိကန်နိုင်ငံမှ ကမ်းလှမ်းလာသည့် 2016 Fulbright U.S.- ASEAN Visiting Scholarship Program ပညာသင်ဆုကိစ္စနှင့် စပ်လျဥ်း၍ မြန်မာနိုင်ငံသားများလျှောက်ထားနိုင်ရန်အတွက် အမေရိကန်သံရုံးမှ တဆင့်ပေးပို့လာရာ သင်တန်းကာလာ ၃-၄ လတာကြာမြင့်မည်ဖြစ်ပြီး အဆိုပါသင်တန်းသို့ တက္ကသိုလ်များ၊ ဝန်ကြီးဌာနများမှ အစိုးရအမှုဝန်ထမ်းများ၊ ပုဂ္ဂလကဏ္ဍမှ ဝန်ထမ်းများ၊ Think Tanks နှင့် NGO အဖွဲ့အစည်းများမှဝန်ထမ်းများတက်ရောက်နိုင်ပါသည်။
လေ့လာသင်ကြားနိုင်မည့်ဘာသာရပ်များမှာ
Environmental Sciences, Financial Market Integration, Food Technology, Information Sciences, Journalism, Law, Political Science, Public Administration , Public/ Global Health, Statistics, Trade and Investment, Trade Facilitation, Teaching English as a foreign Language, and many others
ပညာသင်ဆုလျှောက်ထားနိုင်ရန်အတွက်လိုအပ်သောအရည်အချင်းများမှာ
(၁) မြန်မာနိုင်ငံသားဖြစ်ရမည်
(၂) တက္ကသိုလ် တစ်ခုခုမှ အနည်းဆုံးဘွဲ့တစ်ခု ရရှိပြီးဖြစ်ရမည်။
(၃) အင်္ဂလိပ်စာ TOFEL အနည်းဆုံး ၅၅၀ ရှိရမည်။ (လျှောက်ထားနေစဉ် ကာလအတွင်း
ပြင်ဆင်ထားနိုင်သည် )
(၄) မိမိသင်ကြားလိုသည့် ဘာသာရပ်နှင့် သက်ဆိုင်သော လုပ်ငန်းအတွေ့အကြုံ (သို့) ဘာသာရပ်နှင့်
ဆက်နွယ်သော ဘွဲ့ရရှိပြီးသူဖြစ်ရမည် ။
(၅) အမေရိကန်နိုင်ငံတွင် နေထိုင်သူ (သို့) အလုပ်လုပ်နေသူ (သို့) ပညာသင်ကြားနေသူမဖြစ်ရ။
(၆) မိမိအလုပ်လုပ် နေသော ဌာနမှ ခွင့်ပြု မှသာ လျှောက်ထားခွင့်ရှိသည်။
Application
A complete application set includes:
• Original completed application form
• Project statement (3-5 pages typed)
• Professional resume/curriculum vitae
• Bibliography (up to 3 pages; this is required for research or combined teaching/research awards)
• A copy of your academic transcripts
• Three letters of recommendation
သို့ဖြစ်ပါ၍ 2016 Fulbright US- ASEAN Visiting Scholarship Program ပညာသင်ဆု နှင့်ပတ်သက်၍ စိတ်ပါဝင်စားကာ အထက်ဖော်ပြပါအချက်များနှင့် ပြည့်စုံသော ၊ လျှောက်ထားလိုသော အသင်းချုပ်မှ ဗဟိုအလုပ်အမှုဆောင်များ၊ အလုပ်အမှုဆောင်များ၊ ညီနောင်အသင်းများ၊ လုပ်ငန်းရှင်များ၊ အသင်းသားများအနေဖြင့် အောက်ဖော်ပြပါ LINKတွင် download ရယူနိုင်ပြီး ၁၂ -၁၀- ၂၀၁၅ (တနင်္လာနေ့) နောက်ဆုံးထား၍ အသင်းသား ရေးရာဌာန Ph- 01-214344~49 Ext; 301, 140, 118 (သို့) Email: , memberaffairs@ umfcci. org.mm , services.umfcci@gmail.com သို့ ပေးပို့လျှောက်ထားနိုင်ကြောင်းနှင့် အသေးစိတ် သိရှိလိုပါက http:Burma.usembassy.org/ fulbright-asean.html.သို့ဝင်ရောက်လေ့လာနိုင်ပါသည်။
ကုန်သည်စက်မှုအသင်းချုပ်