2018 Chongqing International Tourism Carnival
Written by UMFCCI Administrator // May 28, 2018 // Uncategorized, UpComing Events // No comments
2018 Chongqing International Tourism Carnival တွင် မြန်မာနိုင်ငံမှ လုပ်ငန်းရှင်များ ပါဝင်ပြသနိုင်ပါရန် ဖိတ်ခေါ်အပ်ပါတယ်.
တရုတ်နိုင်ငံ ၊ ချုံချင်းမြို့၊ Chongqing International Convention and Exhibition Center ၌ ၈.၆.၂၀၁၈ ရက်နေ့မှ ၁၀.၆.၂၀၁၈ ရက်နေ့အထိ ကျင်းပပြုလုပ်မည့် ” 2018 Chongqing International Tourism Carnival” သို့ မြန်မာနိုင်ငံမှ လုပ်ငန်းရှင်များ ပါဝင်ပြသနိုင်ပါရန် ဖိတ်ကြားအပ်ပါတယ်။
ပြပွဲကို ချုံချင်းခရီးသွားလုပ်ငန်းဖွံ့ဖြိုးရေးကောင်စီမှ ကြီးမှူး၍ ချုံချင်းခရီးသွားလုပ်ငန်းအဖွဲ့မှ စီစဉ်ပြသခြင်းဖြစ်ပါတယ်။
ပြည်တွင်းပြည်ပမှ ခရီးသွားလုပ်ငန်းဆိုင်ရာ ခင်းကျင်းပြသသူ (၃၈၀)ကျော်၊ စီးပွားရေးပူးပေါင်းဆောင်ရွက်မှုဆွေးနွေးပွဲ (၆၀၀၀) ကျော် ပါဝင်မည်ဖြစ်ပြီး ပြပွဲသို့ လာရောက်ကြည့်ရှုသူ (၅၀၀၀၀) ကျော်ခန့် ရှိမည်ဖြစ်ပါတယ်။
ပြပွဲနှင့်တစ်ဆက်တည်း ခရီးသွားလုပ်ငန်းမြှင့်တင်မှုအစည်းအဝေးများကိုလည်း ကျင်းပမည်ဖြစ်ပါတယ်။
🛫🛫လေယာဉ်ခ၊ 🏭တည်းခိုနေထိုင်🍗စားသောက်စရိတ် နှင့်⛩️ ပြခန်းသုံးစွဲခွင့်တို့ကို ပြခန်းခင်းကျင်းသူဘက်မှ ကျခံမည်ဖြစ်ပါတယ်။
မြန်မာနိုင်ငံမှ ယင်းပြပွဲတွင် ပါဝင်ပြသရန် စိတ်ပါဝင်စားပါက ဖိတ်ကြားအပ်ပါတယ်။
👉👉ဆက်သွယ်ရမည့်ပုဂ္ဂိုလ်မှာ Mr.Han၊ ဖုန်း – ၈၆-၁၃၇၀၉၀၈၈၅၉၁၊ အီးမေးလ်- ၃၂၇၁၈၄၅၁၂@qq.com ဖြစ်ပါတယ်။
ကုန်သည်စက်မှုအသင်းချုပ်