2nd B4B Insights Forum တွင် မြန်မာ့စီးပွားရေး ဖွံဖြိုးတိုးတက်မှု မြင့်တက်စေနိုင်မည့် နည်းလမ်းများ ဆွေးနွေး

Written by  //  August 25, 2018  //  Business Matching, UMFCCI News  //  No comments

 
 
   
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
ခရီးသွားလုပ်ငန်းကဏ္ဍ
*********
 
Moderator
-ေ ဒါက်တာအောင်မြတ်ကျော် (MD-Orchestra Hotel Co.,Ltd)
 
 
Panelist
-ေ ဒ်ါစုစုတင် (MD, Exo Travel Myanmar)
ဦးကျော်စွာလင်း (CEO, Grand Lotus Travel & Tour)
ဦးစည်သူ (Business Consultant)
 
 
မြန်မာနိုင်ငံခရီးသွားလုပ်ငန်းကဏ္ဍ ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးနှင့် စီမံအုပ်ချုပ်ရေးအတွက် ဥပဒေ၊နည်းဥပဒေများ တိကျခိုင်မာရေး၊ ပြည်တွင်း၊ ပြည်ပဈေးကွက် မြှင့်တင်မှုများဖြင့် မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းကိုအထောက်အပံ့ပေးနိုင်ရေး၊ ခရီးသွားလုပ်ငန်းဝန်ဆောင်မှုပေးရာတွင် နိုင်ငံတကာ စံနှုန်းနှင့်အညီအရည်အသွေးကောင်းမွန်နိုင်ရေးနှင့် နိုင်ငံတကာဈေးကွက်ယှဉ်ပြိုင်နိုင်ရေးတို့ကို ရှင်းလင်းဆွေးနွေးခဲ့ကြပါတယ်။
 
 
စက်မှုလက်မှုကဏ္ဍ
********
 
 
Moderator
 
-ေ ဒါက်တာအောင်သိန်း (Managing Director, Nibban International Co.,Ltd)
 
Panelist
 
– ဦးဝင်းနိုင် (Chairman, Shwe Yee Win Industrial Group)
ဦးထွန်းထွန်း (Director, Princess Power Manufacturing Co.,Ltd)
ဦးကျော်မင်း (Chairman, Shwe Pyi Nann Group of Company)
ဦးစိန်သောင်းဦး (Chairman, Myanmar Chemical Engineers Group Company)
 
 
တရားမဝင်ကုန်သွယ်မှုကြောင့် ပြည်တွင်းကုန်ထုတ်လုပ်မှုများအားနည်းချက်များရှိနေခြင်း၊ လုပ်ငန်းဆောင်ရွက်သည့်အခါ လုပ်ငန်းခွင်အေးချမ်းသာယာမှုများလိုအပ်နေခြင်း၊ စက်ရုံအလုပ်ရုံမှ ထွက်ရှိသည့် စွန့်ပစ်ပစ္စည်းများကြောင့် ဆိုးကျိုးခံစားနေရမှုများ၊ ပတ်ဝန်းကျင်သန့်ရှင်းစင်ကြယ်စေရန် အတွက် ဆောင်ရွက်ရန်လိုအပ်ခြင်းများကို ရှင်းလင်းဆွေးနွေးခဲ့ကြပါတယ်။
 
 
 
သတင်းအချက်အလက်နှင့်နည်းပညာကဏ္ဍ
**************
 
Moderator
 
-ဦးထွန်းသူရသက် (Chief Executive Officer, Myanmar Information Technology Pte., Ltd)
 
Panelists
 
 
-ဦးဇော်မိုးသန့် (CEO, ACE Data System Ltd)
ဦးအောင်ကျော်မိုး (CEO, Conceptine Myanmar Co.,Ltd)
ဦးသာထက် (MD, Zwenexsys Int’l Ltd)
ဦးရဲမြတ်သူ (MD, Alpha Info-Tech Co.,Ltd)
 
 
သတင်းအချက်အလက်နှင့်နည်းပညာကဏ္ဍတွင် ရင်းနှီးမြှုပ်နှံမှုအနေဖြင့် လူငယ်ပညာရှင်များ တစ်စုတစ်စည်းထဲမွေးထုတ်ပေးနိုင်ရေးအတွက် ကမ္ဘာ့အဆင့်မှီ သင်တန်းကျောင်းများ၊ လူငယ်များ ဆန်းသစ်တီထွင်ဖန်တီနိုင်စွမ်းရှိစေရန် Innovation Center များ ထူထောင်ရန်လိုအပ်နေခြင်း၊ နိုင်ငံတကာ ဈေးကွက်နှင့်ယှဉ်လျှင် ပြည်တွင်းကုမ္ပဏီများမှ ထုတ်လုပ်သည့် နည်းပညာများကို ပိုမိုအားပေးနိုင်စေရေး ၊ တရားမဝင် နည်းပညာကုန်သွယ်မှုများကို ထိန်းညှိနိုင်သော ဥပဒေနှင့် နည်းဥပဒေများ၊ လုပ်ထုံးလုပ်နည်း များရှိစေရေး လိုအပ်ကြောင်း ဆွေးနွေးခဲ့ကြပါတယ်။
 
 
ဖိုရမ်ဆွေးနွေးချက်များနှင့်အကြံပြုချက်များပါဝင်သည့် အစီရင်ခံစာကို ပြည်ထောင်စုအစိုးရအဖွဲ့၊ လွှတ်တော်များသို့တင်ပြပြီး အသင်းချုပ်မှ ဆက်လက်ထုတ်ပြန်ပေးသွားမှာဖြစ်ပါတယ်။
 
 
ကုန်သည်စက်မှုအသင်းချုပ်
 

About the Author

UMFCCI Administration Team. Please contact the Public Relations Unit at UMFCCI, Tel: 01-2314344 Ext 323.

View all posts by

Leave a Comment

comm comm comm