“2nd Progressive Punjab Investors Summit at Mohall (India) on 28-29 October 2015 ” သို့ တက်ရောက်ရန် ဖိတ်ကြားလာခြင်းကိစ္စ။

Written by  //  September 29, 2015  //  Exhibition News, UMFCCI News, UpComing Events  //  No comments

၁။ အထက်အကြောင်းအရာပါကိစ္စနှင့်ပတ်သက်၍ Indian School of Business, SAS Nagar, Mohali (India) တွင် ၂၀၁၅ခုနှစ်၊ အောက်တိုဘာလ (၂၈) ရက်နေ့မှ (၂၉) ရက်နေ့အထိ ကျင်းပပြုလုပ်မည့် ” 2nd Progressive Punjab Investors Summit at Mohall (India) on 28-29 October 2015” သို့ မြန်မာနိုင်ငံမှ စီးပွားရေးလုပ်ငန်းရှင်များ၊ ကုန်သည်အသင်းအဖွဲ့များ တက်ရောက်နိုင်ပါရန် အသင်းချုပ်သို့ ရည်ညွန်းချက်ပါ စာဖြင့် ပေးပို့ ဖိတ်ကြားလာပါသည်။
၂။ အဆိုပါ Investor Summit တွင် Agro, Food processing, life Sciences, Healthcare, Manufacturing, Education, IT, Renewable Energy နှင့် Tourism စသည့် ကဏ္ဍတို့ကို ဆွေးနွေးရန် အဓိက ထားပါကြောင်း၊ ထို့ပြင် Punjab ပြည်နယ်မှ infrastructure များကို တိုးတက်မြှင့်တင် ဆောင်ရွက်ခဲ့ခြင်း၊ up-skilling workforce လုပ်သားကျွမ်းကျင်မှုကို မြှင့်တင်ပေးနိုင်ခဲ့ခြင်း၊ ရင်းနှီးမြှုပ်နှံမှု နယ်နမိတ်တစ်ခုဖြစ်လာအောင် ဆောင်ရွက်ပေးခဲ့ခြင်း၊ Invest Punjab ခွင့်ပြုမိန့် ရရှိရန်အတွက် one stop clearance system ကို ဖန်တီးပေးခဲ့ ခြင်းတို့ကိုလည်း သိရှိနိုင်ကြောင်း ဖော်ပြပါရှိပါသည်။
၃။ သို့ဖြစ်ပါ၍ တက်ရောက်လိုသော စိတ်ပါဝင်စားသည့် ကုန်သည်စက်မှုအသင်းချုပ်၊ ညီနောင်အသင်းများမှ အသင်းသားများ၊ စီးပွားရေး လုပ်ငန်းရှင်များအနေဖြင့် အသေးစိတ်အချက်အလက်များ သိရှိ လိုပါက Dr. S. Janakiraman(Counsellor, Econ. & Com.), Tel: (951) 391219, 243972, 388412, 254086, 250164, 388414, Website: www.progressivepunjab.gov.in နှင့် အသင်းချုပ် ပြပွဲဌာနစိတ် Phone: 214344~49 Ext: 301, E-mail: memberaffairs@umfcci.org.mm သို့ ဆက်သွယ်မေးမြန်းနိုင်ပါကြောင်း အကြောင်းကြား ဖိတ်ကြားအပ်ပါသည်။

ကုန်သည်စက်မှုအသင်းချုပ်

GDE Error: Error retrieving file - if necessary turn off error checking (404:Not Found)

About the Author

UMFCCI Administration Team. Please contact the Public Relations Unit at UMFCCI, Tel: 01-2314344 Ext 323.

View all posts by

Leave a Comment

comm comm comm