5th Agro Protech 2015 ပါဝင်တက်ရောက်ပြသပေးပါရန် ဖိတ်ကြားခြင်း

Written by  //  June 30, 2015  //  Exhibition News  //  No comments

၁။ အိန္ဒိယနိုင်ငံ၊ ကော်လ်ကတ္တားမြို့တွင် India Chamber of Commerce မှကြီးမှူး၍ ၂၀၁၅ခုနှစ်၊ နိုဝင်ဘာလ ၁၈ ရက်နေ့ ၂၀ ရက်နေ့ထိ ကျင်းပပြုလုပ်မည့် 5th Agro Protech ပြပွဲသို့ မြန်မာနိုင်ငံရှိ စီးပွားရေး လုပ်ငန်းရှင်များ ၊အသင်းအဖွဲ့များပါဝင်ပြသတက်ရောက်ပေးပါရန် အသင်းချုပ်သို့ ရည်ညွန်းချက်ပါစာဖြင့် ဖိတ်ကြား လာပါသည်။

၂။ အဆိုပါ ပြပွဲတွင် မြန်မာနိုင်ငံနည်းပညာနှင့် ထွက်ကုန်ပစ္စည်းများ ပါဝင်ပြသနိုင်ရန် ပြခန်း (၁)ခန်းကို အခမဲ့နေရာပေးအပ်မည်ဖြစ်ကြောင်း၊ပြခန်းကိုထပ်မံဌားရမ်းပြသလိုပါက ၉ မီတာစတုရန်း လျှင် ရှုးပီး (၅၀၀၀၀)နှင့် ၀န်ဆောင်မှုခွန် (၁၂.၃၆)% ပေးဆောင်ရမည်ဖြစ်ကြောင်း၊ပြပွဲတွင် လယ်ယာစိုက်ပျိုးရေး၊ သစ်သီးဝလံပန်းမန်၊ အစားအသောက်ထုတ်လုပ်ခြင်း ၊နို့ထွက်ကုန်ပစ္စည်းများ ၊မွေးမြူရေး ၊အသားငါး ၊လယ်ယာသုံးစက်ကိရိယာများ၊ရိတ်သိမ်းခြင်းစီမံခန့်ခွဲမှု ၊ ထုတ်ပိုးခြင်းနည်းပညာများ နှင့် သက်ဆိုင်ရာကဏ္ဍများကို ပြသသွားမည်ဖြစ်ကြောင်း၊ နိုင်ငံတကာမှ ကျွမ်းကျင်ပညာရှင်များ၊ လယ်ယာစိုက်ပျိုးရေး ပညာရှင်များ၊ ဘဏ်လုပ်ငန်းရှင်များပါဝင် တက်ရောက် ကြမည်ဖြစ်ကြောင်းဖော်ပြပါရှိပါသည်။

၃။ သို့ဖြစ်ပါ၍ ပြပွဲသို့ စိတ်ပါဝင်စား၍ ပါဝင်တက်ရောက်ပြသလိုသော ညီနောင်အသင်းများ၊အသင်းဝင်များ၊ ကုမ္ပဏီများသည် Mr.Sarweah Kr Kanodia၊ဖုန်းအမှတ်-၀၉၈၃၀၅၉၉၀၆၆ နှင့် expo2@indian chamber.net သို့ တိုက်ရိုက်ဆက်သွယ်နိုင်ပါကြောင်း နှင့် ပါဝင်ပြသမည့်ကုမ္ပဏီအမည်၊ပုဂ္ဂိုလ်စာရင်း၊ နှင့် ပါဝင်ပြသမည့် Invoice စာရင်များကိုအသင်းချုပ် ပြပွဲဌာနစိတ် 214344 Ext:30, memberaffairs@umfcci.org.mm သို့ ဆက်သွယ်စုံစမ်း၍ ကုမ္ပဏီအမည် ပုဂ္ဂိုလ်စာရင်းများကို (၁၀.၉.၂၀၁၅ ရက်နေ့နောက်ဆုံးထား၍ ) ဆောလျင်စွာပေးပို့ပေးပါရန် မေတ္တာရပ်ခံဖိတ်ကြားအပ်ပါသည်။

ကုန်သည်စက်မှုအသင်းချုပ်

GDE Error: Error retrieving file - if necessary turn off error checking (404:Not Found)

About the Author

UMFCCI Administration Team. Please contact the Public Relations Unit at UMFCCI, Tel: 01-2314344 Ext 323.

View all posts by

Leave a Comment

comm comm comm