“62nd India International Garment Fair” ပြပွဲသို့ တက်ရောက်နိုင် 

Written by  //  January 7, 2019  //  Exhibition News  //  No comments

အိန္ဒိယနိုင်ငံ၊ Greater Noida မြို့၊India Expo Mart မှာ ၁၆-၁-၂၀၁၉ ရက်နေ့ မှ ၁၈-၁-၂၀၁၉ ရက်နေ့တွင် ကျင်းပပြုလုပ်မည့် “62nd India International Garment Fair” ပြပွဲသို့ မြန်မာနိုင်ငံမှ စီးပွားရေးလုပ်ငန်းရှင်များ ပါဝင်တက်ရောက်ပြသနိုင်ပါတယ်။

ပြပွဲဟာ နှစ်စဉ် ဇန်နဝါရီလနဲ့ ဇူလိုင်လမှာ ဆောင်းဦး/ဆောင်း နှင့် နွေဦး/နွေတို့တွင် တစ်နှစ် (၂) ကြိမ် ကျင်းပသော အိန္ဒိယအထည်အလိပ်ပြပွဲတစ်ခုဖြစ်ပါတယ်။

အိန္ဒိယမှ တင်ပို့ရောင်းချသူများကို ကမ္ဘာ့အဆင့်မီ စီးပွားရေးပလက်ဖောင်းတစ်ခု ပံ့ပိုးပေးခြင်း ၊ Ready – made Garments & Fashion Accessories ဝယ်ယူနေသော ကမ္ဘာ့အနှံ့ရှိ အဓိက buyers များကို လိုအပ်သော sourcing များနှင့်တွေ့ဆုံပေးခြင်း၊ ပြပွဲတွင် head – to – toe ဖက်ရှင်ပစ္စည်းများ ၊ အရည်အသွေးမြင့် အမျိုးသားဝတ်၊အမျိုးသမီးဝတ်၊ကလေးဝတ်နှင့် ဖက်ရှင်အသုံးအဆောင်ပစ္စည်းများ ပါဝင်ပြသခြင်း၊ Buyer Screening ကော်မတီ မှ ရွေးချယ်ခံရသော buyers များကို (၃) ညတာ ဟိုတယ်တည်းခိုခွင့် ပံ့ပိုးပေးခြင်း အစီအစဉ်တို့ ပါဝင်မှာဖြစ်ပါတယ်။

ပြပွဲတွင် Buyers အဖြစ်တက်ရောက်လိုသော ကုန်သည်စက်မှုအသင်းချုပ်နှင့် ညီနောင်အသင်းများမှ အသင်းသားများ၊ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် website:www.indiaapparelfair.com တွင် registeration ပြုလုပ်နိုင်ပြီး အသေးစိတ်အချက်အလက်များ သိရှိလိုပါက အသင်းသားရေးရာဌာန/ပြပွဲဌာနစိတ် Ph:၀၁-၂၃၁၄၃၄၄ (Ext-၃၀၁) ၊Email:itpc.umfcci@gmail.com သို့ ဆက်သွယ်မေးမြန်းနိုင်ပါတယ်။

ကုန်သည်စက်မှုအသင်းချုပ်

About the Author

UMFCCI Administration Team. Please contact the Public Relations Unit at UMFCCI, Tel: 01-2314344 Ext 323.

View all posts by

Leave a Comment

comm comm comm