B4B Insights Forum မှ အကြံပြုချက်များအား နိုင်ငံတော်အစိုးရထံ ၁၀ ရက်အတွင်း တင်ပြမည်

Written by  //  May 28, 2018  //  UMFCCI News  //  No comments

ယနေ့ စတင်ကျင်းပတဲ့ B4B Insights Forum မှာ ကဏ္ဍအလိုက် စီးပွားရေးလုပ်ငန်းရှင်များ အချင်းချင်းတွေ့ဆုံကြပြီး၊ နှေးကွေးနေတဲ့ မြန်မာ့စီးပွာရေး ဖွံ့ဖြိုးတိုးတက်မှုကို မြင့်တက်စေမယ့် နည်းလမ်းတွေကို ဆွေးနွေးခဲ့ကြပါတယ်။

နှစ်ရက်ကြာ ကျင်းပမယ့် B4B Insights Forum မှာ မတူညီသော စီးပွားရေးကဏ္ဍ (၈) ခုမှ Speaker များ စုစုပေါင်း (၄၃) ယောက် ဟာ လက်ရှိ မြန်မာ့ စီးပွားရေးအခြေအနေ နဲ့ အခက်အခဲများ၊ အခက်အခဲတွေကို ကျော်လွှားနိုင်ဖို့ အကြံပြုချက်များ၊ နောင် (၃) လ တွင် မိမိ ကဏ္ဍ အခြေအနေ မှန်းဆချက်များ စတာတွေကို ဆွေးနွေးကြမှာဖြစ်ပြီး၊

ဖိုရမ်ရဲ့ အကြံပြုချက်များကို အချိန် (၁၀) ရက်အတွင်း စနစ်တကျ ပြုစုပြီး ပြည်ထောင်စု အစိုးရအဖွဲ့၊ ဝန်ကြီးဌာနများ၊ လွှတ်တော်များ နဲ့ ပြည်နယ်နှင့်တိုင်းဒေသကြီး အစိုးရများထံသို့ အစီရင်ခံ တင်ပြသွားမှာဖြစ်ပါတယ်။

ဖိုရမ်နဲ့ ပတ်သက်ပြီး ကုန်သည်စက်မှုအသင်းချုပ် ဥက္ကဋ္ဌ ဦးဇော်မင်းဝင်းက “ပုဂ္ဂလိက စီးပွားရေးလုပ်ငန်းတွေ ပိုမိုတိုးတက်အောင်မြင်ဖို့ လုပ်ငန်းရှင်များတွေ့ကြုံနေရတဲ့ အခက်အခဲ၊ အဟန့်အတား၊ စိန်ခေါ်မှုတွေကို ပေါင်းစပ်ညှိနှိုင်းပြီးအဖြေရှာဖို့ဖြစ်ပါတယ်။ ဒီဆွေးနွေးမှုတွေဟာ ကွင်းဆင်းစစ်တမ်းတွေ ကောက်ယူရရှိထားတဲ့ အချက်အလက်ပေါ်တွေအပ်ါမူတည်တာကြောင့် အခြေခံကျတဲ့ ဆွေးနွေးမှုပါ” လို့ ပြောပါတယ်။

အသင်းချုပ် ဒုတိယဥက္ကဋ္ဌ ဦးဝေဖြိုးက “Business for Business Insights Forum ဟာ စီးပွားရေးလုပ်ငန်းရှင်အချင်းချင်း ကိုယ့်စီးပွားရေးကဏ္ဍတိုးတက်အောင် ကူညီပံ့ပိုးတဲ့ စိတ်ဓာတ်နဲ့ လုပ်တဲ့ ဖိုရမ်တစ်ခုပါ” လို့ မှတ်ချက်ပေးပါတယ်။

ဖိုရမ်ရဲ့ အစီရင်ခံစာကို အများပြည်သူသို့ ပွင့်လင်းမြင်သာစွာ ထုတ်ပြန်ပေးသွားမှာလည်း ဖြစ်ပါတယ်။

ကုန်သည်စက်မှုအသင်းချုပ်

About the Author

UMFCCI Administration Team. Please contact the Public Relations Unit at UMFCCI, Tel: 01-2314344 Ext 323.

View all posts by

Leave a Comment

comm comm comm