AEON 1% Club Foundation, Kalbe International Pte Ltd နှင့် Tin Ye Win Manufacturing Co.,Ltd မှ ရေဘေးသင်ဒေသများ အတွက် လာရောက်လှူဒါန်းခြင်း

Written by  //  August 14, 2015  //  UMFCCI News  //  No comments

၂၀၁၅ခုနှစ်၊ သြဂုတ် ၁၄
၂၀၁၅ခုနှစ် သြဂုတ်လ ၁၄ရက်နေ့ ညနေပိုင်းတွင် ဂျပန်နိုင်ငံ AEON 1% Club Foundation, Kalbe International Pte Ltd နှင့် Tin Ye Win Manufacturing Co.,Ltd တို့မှ ရေဘေးသင့်ဒေသများအတွက် ကုန်သည်စက်မှုအသင်းချုပ်သို့ လာရောက်လှူဒါန်းခဲ့ပါသည်။
အဆိုပါ လှူဒါန်းပွဲအခမ်းအနား၌ AEON 1% Club Foundation တာဝန်ရှိသူတစ်ဦးနှင့် ကုန်သည်စက်မှုအသင်းချုပ် ဒုတိယဥက္ကဌ ဦးဇော်မင်းဝင်းတို့မှအဖွင့်အမှာစကား ပြောကြားခဲ့ပြီး AEON 1% Club Foundationမှ USD 20000, Mr. Makoto Yasuda နှင့် Mr. Koichi Yoshida (BELL Wood Co.,Ltd) မှ USD500, မြန်မာနိုင်ငံ စားသောက်ကုန် ထုတ်လုပ်တင်ပို့ရောင်းချသူများအသင်းနှင့် မြန်မာနိုင်ငံ စက်မှုကုန်ထုတ်လုပ်သူများအသင်း၏ ပံ့ပိုးကူညီမှုတို့ဖြင့် Kalbe International Pte Ltd နှင့် Tin Ye Win Manufacturing Co.,Ltd တို့မှ သိန်းတစ်ထောင်ကျော်တန်ဖိုးရှိ Zee Chocolate Milk များအား လာရောက်လှူဒါန်းခဲ့ရာ ကုန်သည် စက်မှုအသင်းချုပ် ဒုတိယဥက္ကဌများ ဖြစ်ကြသော ဦးဇော်မင်းဝင်း၊ ဦးသိန်းပာန်၊ တွဲဖက်အထွေထွေအတွင်းရေးမှူး ဒေါ်ခိုင်ခိုင်နွယ်၊ ကုန်သည်စက်မှု အသင်းချုပ်ဗပိာုအလုပ်အမှုဆောင်၊ အလုပ်အမှုဆောင်များမှ လက်ခံရယူပေးခဲ့ကြပါသည်။ လှူဒါန်းမှုများ အပြီးတွင် အသင်းချုပ် ဥက္ကဌ ဦးဇော်မင်းဝင်းက ဂုဏ်ပြုမှတ်တမ်းများ ပြန်လည်ပေးအပ်ခဲ့ပြီး အခမ်းအနားကို ညနေ ၆:၀၀ နာရီတွင် ရုတ်သိမ်းခဲ့ပါသည်။

1

2

3

4

5

ကုန်သည်စက်မှုအသင်းချုပ်

About the Author

UMFCCI Administration Team. Please contact the Public Relations Unit at UMFCCI, Tel: 01-2314344 Ext 323.

View all posts by

Leave a Comment

comm comm comm