AgriPro Asia Expo & Conference 2015 သို့ တက်ရောက်နိုင်ပါရန်ဖိတ်ကြားခြင်း

Written by  //  June 30, 2015  //  Exhibition News  //  No comments

၁။ အထက်အကြောင်းအရာပါစာအရ ကောင်စစ်ဝန်ချုပ်ရုံး၊ ဟောင်ကောင်မြို့မှ တရုတ်နိုင်ငံ၊ ဟောင်ကောင်မြို့ တွင် Vertical Expo Services Co.,Ltd မှ ကြီးမှူး၍ ၂၀၁၅ ခုနှစ် ဒီဇင်ဘာလ ၃ ရက်နေ့မှ ၅ ရက်နေ့အထိ ကျင်းပပြုလုပ်မည့် AgriPro Asia Expo & Conference 2015 သို့ မြန်မာနိုင်ငံမှ စီးပွားရေးလုပ်ငန်းရှင်များ ပါဝင်တက်ရောက်နိုင်ပါရန် ရည်ညွှန်းချက်ပါစာဖြင့် အသင်းချုပ်သို့ ပေးပို့ ဖိတ်ကြားလာပါသည်။

၂။ အဆိုပါ ပြပွဲတွင် စီးပွားရေးလုပ်ငန်းအချင်းချင်း (B-to-B) အတွက်ရည်ရွယ်ပြီး စိုက်ပျိုးရေး၊ သစ်တော၊ ရေထွက်လုပ်ငန်းနှင့် အခြားထုတ်ကုန်များအတွက် ကုန်သွယ်မှု ပလက်ဖောင်းအဖြစ် ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း၊ ပြပွဲကျင်းပနေသည့်အချိန်အတွင်း Agricultural Conference Asia (ACA) ကွန်ဖရင့်တွင် သြစတြေးလျ၊ တရုတ်နိုင်ငံ၊ ဟောင်ကောင်၊ ဂျပန်၊ အမေရိကန်နှင့် ဗီယက်နမ်တို့၏ စိုက်ပျိုးရေးနှင့် ရေထွက်လုပ်ငန်းအလားအလာများ၊ အစားအစာ ဘေးကင်းရေး (Food Safety)၊ ကုန်သွယ်မှုစည်းမျဉ်းစည်းကမ်းများ၊ organic foods ဆိုင်ရာ ပြဿနာများနှင့် အတွေ့ အကြုံတို့ကို ဝေမျှမည်ဖြစ်ကြောင်း ဖော်ပြပါရှိပါသည်။

၃။ သို့ဖြစ်ပါ၍ အဆိုပါ ပြပွဲသို့ စိတ်ပါဝင်စားသည့် သက်ဆိုင်ရာစီးပွားရေးလုပ်ငန်းရှင်များ၊ ညီနောင်အသင်းများ အနေဖြင့် တက်ရောက်နိုင်ပါရန်နှင့် တက်ရောက်မည့်ပုဂ္ဂိုလ်များ အမည်စာရင်းကို ၃၀.၆.၂၀၁၅ ရက် (အင်္ဂါနေ့) နောက်ဆုံးထား၍ ဤအသင်းချုပ် အသင်းသားရေးရာဌာန၊ ပြပွဲဌာနစိတ် Ph:01-214344 ~49 Ext:140,301 Fax: 214484 (သို့) Email: memberaffairs@umfcci.org.mm , services.umfcci@gmail.com သို့ ပေးပို့ပေးပါရန် အကြောင်းကြား ဖိတ်ကြားအပ်ပါသည်။

ကုန်သည်စက်မှုအသင်းချုပ်

GDE Error: Error retrieving file - if necessary turn off error checking (404:Not Found)

About the Author

UMFCCI Administration Team. Please contact the Public Relations Unit at UMFCCI, Tel: 01-2314344 Ext 323.

View all posts by

Leave a Comment

comm comm comm