Annual conference cum exhibition on urban mobility – “9th Urban Mobility India” သို့ ဖိတ်ကြားခြင်း

Written by  //  September 30, 2016  //  UMFCCI News  //  No comments

၁။ အိန္ဒိယနိုင်ငံ၊ Guajarat ပြည်နယ်၊ Mahatma Mandir, Gandhingar တွင် ၂၀၁၆ ခုနှစ်၊ နိုဝင်ဘာလ (၈) ရက်နေ့မှ (၁၁)ရက်နေ့အထိ the Ministry of Urban Development မှ “Planning Mobility for City’s Sustainability” themes ဖြင့်ကြီးမှူးကျင်းပပြုလုပ်မည့် “Annual conference cum exhibition on urban mobility – “Urban Mobility India”” ပြပွဲသို့ မြန်မာနိုင်ငံမှ သက်ဆိုင်ရာ စီးပွားရေးလုပ်ငန်းရှင်များ အနေဖြင့် ပါဝင်တက်ရောက် ပြသနိုင်ပါရန် အသင်းချုပ်သို့ရည်ညွှန်းချက်ပါစာဖြင့် ပေးပို့ ဖိတ်ကြားလာပါသည်။

၂။ အဆိုပါအခမ်းအနားအား ၂၀၀၈ ခုနှစ်တွင် စတင်ကျင်းပခဲ့ခြင်းဖြစ်ပြီး ယခင်နှစ် ၂၀၁၅ ခုနှစ် နိုဝင်ဘာလတွင် ကျင်းပခဲ့သော (၇) ကြိမ် မြောက်အခမ်းအနားသို့ နိုင်ငံပေါင်း (၂၅) နိုင်ငံမှ ပြသသူပေါင်း (၂၄)ဖွဲ့နှင့် delegates ပေါင်း (၁၂၀၀)ကျော် တက်ရောက်ခဲ့ပါကြောင်း၊ ယခုနှစ်ကျင်းပမည့် conference တွင် panel discussions, technical sessions နှင့် round table discussion အစီအစဉ်များပါဝင်မည်ဖြစ်ပါကြောင်း၊ ပြည်တွင်းနှင့် နိုင်ငံတကာရှိ ကျွမ်းကျင်သူများမှ ပြုစုထားသော စာတမ်းများနှင့် နောက်ဆုံးပေါ်နည်းပညာများ၊ software၊ public transport mode များအား ပြသသွားမည်ဖြစ်ပြီး ဈေးနှုန်းများအနေဖြင့် Raw Space Option အား Rs. 15,000/sqm နှင့် Booth Package Option(9sqm) အား Rs. 180,000 ကျသင့်မည်ဖြစ်ကြောင်း စသည်ဖြင့် ဖော်ပြပါရှိပါသည်။

၃။ သို့ဖြစ်ပါ၍ ပါဝင်တက်ရောက်လိုသော စိတ်ပါဝင်စားသည့် ကုန်သည်စက်မှုအသင်းချုပ်နှင့်ညီနောင်အသင်းများ မှအသင်းသားများ၊ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် အသေးစိတ်အချက်အလက်များသိရှိလိုပါက India Embassy၊ Commercial Section၊ Tel: (951) 391219, 243972, 388412 နှင့် အသင်းချုပ် ပြပွဲဌာနစိတ် ဖုန်း:၂၃၁၄၃၄၄~၄၉ Ext:၃၀၁၊ မိုဘိုင်း-၀၉-၄၅၀၂၀၀၃၅၀၊ E-mail:ma@umfcci.com.mm သို့ ဆက်သွယ်မေးမြန်းနိုင်ပါကြောင်း အသိပေး အကြောင်းကြားအပ်ပါသည်။

ကုန်သည်စက်မှုအသင်းချုပ်

9th Urban Mobility India-1

About the Author

UMFCCI Administration Team. Please contact the Public Relations Unit at UMFCCI, Tel: 01-2314344 Ext 323.

View all posts by

Leave a Comment

comm comm comm