Industrial Relations and Human Resource Management for Executive [ ERHE ] သင်တန်းတက်ရောက်ဖို့ ဖိတ်ခေါ်အပ်ပါတယ်။

Written by  //  June 25, 2018  //  Training Programs  //  No comments

  
ဂျပန်နိုင်ငံ၊ The Association for Overseas Technical Cooperation and Sustainable Partnerships (AOTS)မှ ကြီးမှူးသည့် ဂျပန်နိုင်ငံ၊ Tokyo မြို့ရှိ Kanshu Center တွင် ၅.၁၁.၂၀၁၈ ရက်နေ့မှ ၁၆.၁၁.၂၀၁၈ ရက်နေ့ အထိ
 
The Program on “Industrial Relations and Human Resource Management for Executive [ERHE]” သင်တန်းကို ကျင်းပပြုလုပ်မည်ဖြစ်ပါတယ်။
 
သင်တန်း၏ ရည်ရွယ်ချက်မှာ ဂျပန်လူမျိုးများ ကျင့်သုံးလျက်ရှိသည့် IR and HRM နည်းစနစ်များကို ၄င်းတို့ကုမ္ပဏီများ၏ ကိုယ်ပိုင်နည်းစနစ်များ၊ အလုပ်အမှုဆောင် စီမံခန့်ခွဲမှု ရှု့ထောင့်မှ ပြဿနာများကို ဖြေရှင်းရှာဖွေမှုများ အား နှိုင်းယှဉ်ပြီး နားလည်သဘောပေါက်စေရန် ရည်ရွယ်၍ သင်တန်းတွင် အကောင်းဆုံး လေ့ကျင့်သင်ယူခြင်းအားဖြင့် ကျယ်ပြန့်သော ကုမ္ပဏီအဆင့်တစ်ခုတွင် အထိရောက်ဆုံး နည်းလမ်းတွေဖြင့် လူ့စွမ်းအား အရင်းအမြစ်ကို အသုံးပြု၍ သင်တန်းတက်ရောက်သူများ၏ အရည်အသွေးအား တိုးမြှင့်ခြင်းတို့ ဖြစ်ပါတယ်။
 
👉 သက်ဆိုင်ရာ နယ်ပယ်တွင် လုပ်ငန်းအတွေ့အကြုံရှိသူများ၊
👉အသက် (၃၀)နှစ်မှ (၆၀)နှစ် အတွင်းရှိသူ
👉မန်နေဂျာရာထူး (သို့) အဆင့်မြင့်ရာထူးဖြင့် လုပ်ကိုင်နေသူ၊
👉အင်္ဂလိပ်စာ 4 Skills ကျွမ်းကျင်သူ များ လျှောက်ထားနိုင်မည် ဖြစ်ပါတယ်။
 
ကုန်သည်စက်မှု အသင်းချုပ်မှ သင်တန်းသား ၁ ဦး (သို့) ၂ဦး ကို ရွေးချယ်စေလွှတ်မည်ဖြစ်ပါတယ်။
 
သင်တန်းသို့ စိတ်ပါဝင်စားလျှောက်ထားမည့် ပုဂ္ဂိုလ်များအနေဖြင့် အောက်ပါ လျှောက်လွှာအား ပြည့်စုံစွာ ဖြည့်စွက်၍ (၂၁.၈.၂၀၁၈)ရက်နေ့ နောက်ဆုံးထား၍ ဤအသင်းချုပ် HRD ဌာနသို့ လာရောက်လျှောက်ထားနိုင်ပါကြောင်းနှင့် အသေးစိတ် သိရှိလိုပါက ဖုန်း-၀၁ ၂၃၁၄၃၄၄ ~ ၄၉ (လိုင်းခွဲ၊ ၁၃၃၊ ၁၃၄) (သို့) hrd@umfcci.com.mm သို့ မေးမြန်းနိုင်ပါကြောင်းဖိတ်ခေါ်အပ်ပါတယ်။
 
ကုန်သည်စက်မှုအသင်းချုပ်
 
 

About the Author

UMFCCI Administration Team. Please contact the Public Relations Unit at UMFCCI, Tel: 01-2314344 Ext 323.

View all posts by

Leave a Comment

comm comm comm