ASEAN နိုင်ငံများအတွင်း ကျွမ်းကျင်လုပ်သားရှားပါးမှုအတွက် လေ့ကျင့်ရေးသင်တန်း In- Company Training Program သို့ မြန်မာနိုင်ငံ မှ ပါဝင် ဆောင်ရွက်မည်

Written by  //  July 25, 2016  //  Publications, UMFCCI News

အာဆီယံအပါအ၀င်ဖွံ့ဖြိုးပြီးနိုင်ငံများမှ လုပ်သားဈေးကွက် လုံလောက်တဲ့ကျွမ်းကျင်မှု မရှိတဲ့ အတွက်ကြောင့် အလုပ်လက်မဲ့ဖြစ်နေတာကိုတွေ့ရခြင်း၊ စီးပွားရေးနှေးကွေးကျဆင်းမှုကို ဖြစ်ပေါ်စေနိုင်တဲ့ အတွက် အလေးထားဖို့အထူးလိုအပ်လာပြီဖြစ်သောကြောင့် ASEAN နိုင်ငံများအတွင်း ကျွမ်းကျင်လုပ်သား ရှားပါးမှုအတွက် ရေတိုဖြေရှင်းနည်းအဖြစ် လေ့ကျင့်ရေးသင်တန်း “ In- Company Training Program ’’ ဆောင်ရွက်နိုင်ရေးအတွက် GIZ ၏အစီအစဉ်ဖြင့် Cambodia , Lao ,Thailand , Vietnam , Myanmar and Philippine အစရှိသည့် နိုင်ငံ( ၆ )နိုင်ငံမှ ကိုယ်စားလှယ်(၆၀)ဦးခန့်သည် အလုပ်ရုံဆွေးနွေးပွဲများသို့ တက်ရောက်ပြီးမိမိတို့နိုင်ငံများအတွင်း ASEAN Standard နှင့် အညီ Trainingများဖွင့်လှစ်ပို့ချရန် အတွက် လိုအပ်သည်များသင်ကြားနိုင်ရေး ညှိနှိုင်းရေးဆွဲခြင်းတို့ဆွေးနွေးခဲ့ကြပြီး တက်ရောက်သူကိုယ်စားလှယ်များ၊ ပညာရှင်များ၏ သဘောတူညီချက်အရ Training ကို Modules ၄ ခု၊ နာရီ ၈၀ ဖြင့် သင်ကြားပို့ချရန် သဘောတူညီချက်ရရှိခဲ့ပါတယ်။ ယင်း Program ကို ASEAN နိုင်ငံများအတွင်း အကောင်အထည်ဖော် ဆောင်ရွက်မည်ဖြစ်ကြောင်း Thaiနိုင်ငံ၊ Bangkok မြို့၌ကျင်းပသည့် 6th Workshop Series တွင် Public သို့ သတင်းထုတ်ပြန်ဆောင်ရွက်ခဲ့နှိုင်ခဲ့ပါတယ်။

1

2

ယင်း Training သည် ကုမ္ပဏီများအတွင်းမှ လုပ်ငန်းအတွေ့အကြုံရှိသည့် ၀န်ထမ်း(Supervisor)များ နှင့် ၀န်ထမ်းအသစ်များကို လုပ်ငန်းခွင်အတွင်း လေ့ကျင့်ရေးသင်တန်းနှင့် အလုပ်သင်များကိုပေးသည့်သင်တန်း အစရှိသည်တို့ဖြစ်ကြပြီး မြန်မာနိုင်ငံအနေဖြင့် အလုပ်သမား၊လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန၊ ကုန်သည်စက်မှုအသင်းချူပ် ၊မြန်မာနိုင်ငံဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်းနှင့် ၊ မြန်မာနိုင်ငံအင်ဂျင်နီယာ အသင်းတို့မှကိုယ်စားလှယ်တို့သည် စဉ်ဆက်မပြတ် တက်ရောက်ဆွေးနွေးခဲ့ပါသည်။

3

4

၎င်း Program ကို မြန်မာနိုင်ငံအနေဖြင့် ပါဝင်အကောင်အထည်ဖော်ရေးအတွက်GIZ မှ Expert နှင့် ကုန်သည်စက်မှုအသင်းချုပ်တို့မှ ကုမ္ပဏီများသို့သွားရောက်၍ Surveyကောက်ခံခြင်း၊ Trainingလိုအပ်ချက်များ မေးမြန်းဆောင်ရွက်ခဲ့ပြီး Pilot Project အဖြစ် Construction နှင့် Manufacturing ကဏ္ဍတို့ကို ကနဦးTraining ပေးရန်စီစဉ်ခဲ့ပြီး Master Trainer ၄ ဦးရွေးချယ်၍ Vietnam နိုင်ငံသို့ 4th to 22nd April, 2016 အထိ Master Trainer သင်တန်းစေလွှတ်ခဲ့ပါတယ်။

ASEAN Standard နှင့် အညီ နိုင်ငံအားလုံးမှ လက်ခံဆောင်ရွက်မည် Program အား မြန်မာနိုင်ငံ ကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်မှဦးဆောင်၍ ဆောင်ရွက်အကောင်အထည်ဖော်ခြင်း ဖြင့် စက်မှုကဏ္ဍ၏ ထုတ်လုပ်မှုနှင့်ပြိုင်ဆိုင်မှုများတိုးတက်လာနိုင်ခြင်း၊ ကျွမ်းကျင်လုပ်သားများရရှိနိုင်မှုနှင့် ၎င်းတို့၏အရည်အသွေးများ မြင့်တက်လာနိုင်ခြင်းဖြင့် ကျွမ်းကျင်လုပ်သားထု ဖြစ်တည်လာရေးအတွက် ရေရှည်တည်တံ့သည့် အဖြေတစ်ခုကိုပေးလာနိုင်ပါသောကြောင့် ရင်းနှီးမြှုပ်နှံသူများကိုဒေသတွင်းတွင် ပို၍ ဆွဲဆောင်လာနိုင်မည်ဖြစ်ပါသဖြင့် လူတိုင်းအတွက် အမှန်တကယ်ပိုမိုကောင်းမွန်သော အနာဂတ်ပုံရိပ်တစ်ခု ဖြစ်ပါကြောင်းတင်ပြပါသည်။

Reference: GIZ – German Cooperation
ZM-UMFCCI

About the Author

UMFCCI Administration Team. Please contact the Public Relations Unit at UMFCCI, Tel: 01-2314344 Ext 323.

View all posts by