ASEAN Business Awards 2018 ဝင်ရောက်ယှဉ်ပြိုင်ရန် ဖိတ်ခေါ်

Written by  //  August 16, 2018  //  UpComing Events  //  No comments

 

 

အာဆီယံစီးပွားရေးဆုပေးပွဲ (ASEAN Business Awards 2018) အတွက် အာဆီယံနိုင်ငံများမှ စီးပွားရေးလုပ်ငန်းများအား ဝင်ရောက်ယှဉ်ပြိုင်ဖို့ ဖိတ်ခေါ်နေပြီဖြစ်ပါတယ်။

ဒီနှစ်မှာတော့ မဟာမိတ်ဖက်အဖြစ် အသိပညာများမျှဝေပေးပြီး ပူးပေါင်းပါဝင်မယ့် သူတွေကတော့ Ernst & Young LLP (EY) နှင့် စင်္ကာပူစီမံခန့်ခွဲမှုတက္ကသိုလ် (Singapore Management University) တို့ပဲဖြစ်ပါတယ်။
ဖောင်တင်ရန် လိုအပ်ချက်များနှင့်အမည်စာရင်းတင်သွင်းရမည့်ပုံစံများကို https://www.aseanbac2018.org/asean-businessaward/ မှာ download ရယူနိုင်ပါတယ်။ဖြည့်စွက်ထားသော Form များကို accessasean@sbf.org.sg သို့ ပေးနိုင်ပါတယ်။ ဖောင်ပိတ်ရက်ကတော့ ၂၀၁၈ခုနှစ်၊ သြဂုတ်လ ၃၁ ရက်နေ့အဖြစ် သတ်မှတ်လိုက်ပါပြီ။

ဒီနှစ်မှာ အာဆီယံမိသားစုစီးပွားရေးဆု (ASEAN Familly Business Award) ကို ဆုအသစ်တစ်ခုအဖြစ် ပါဝင်ယှဉ်ပြိုင်နိုင်တာကို တွေ့ရှိရမှာဖြစ်ပါတယ်။ ASEAN FamillyBusiness Award ဆုဟာ အာဆီယံအသိုက်အဝန်းထဲမှာ မိသားစုစီးပွားရေးလုပ်ငန်းကို ဘဏ္ဍာရေးနှင့် လူမှုရေးတို့တွင် ထူးချွန်အောင်မြင်စွာလုပ်ကိုင်နိုင်၍ မျိုးဆက်များစွာတိုင်အောင် အဓွန့်ရှည်စွာ စွမ်းဆောင်နိုင်သူများကို အသိအမှတ်ပြုသောအားဖြင့် ပေးအပ်မှာဖြစ်ပါတယ်။

ဒါဟာ အာဆီယံမိသားစုစီးပွားရေးလုပ်ငန်းများက ကမာ့္ဘစီးပွားရေးအတွက် အရေးပါတဲ့ကဏ္ဍကနေပါဝင်နေကြောင်းကို အခြားစီးပွားရေးလုပ်ငန်းများမှ သိရှိစေရန်နှင့် ၄င်းထူးချွန်တဲ့မိသားစုလုပ်ငန်းများကို ဦးဆောင်သူများအဖြစ် စံနမူနာ ယူနိုင်အောင် ဖြစ်ပါတယ်။

ဒါကြောင့်မို့ စီးပွားရေးလုပ်ငန်းများအားလုံးအနေနဲ့ ASEAN Business Awards 2018 ကို ဝင်ရောက် ယှဉ်ပြိုင်နိုင်ဖို့ လျှောက်လွှာများတင်ရန် ဖိတ်ခေါ်လိုက်ရပါတယ်။

ကုန်သည်စက်မှုအသင်းချုပ်

About the Author

UMFCCI Administration Team. Please contact the Public Relations Unit at UMFCCI, Tel: 01-2314344 Ext 323.

View all posts by

Leave a Comment

comm comm comm