Asean Trade Fair 2016 ပြပွဲသို့ပါဝင်တက်ရောက်ရန်ဖိတ်ကြားလာခြင်း

Written by  //  March 25, 2016  //  UMFCCI News  //  No comments

၁။ အထက်အကြောင်းအရာပါကိစ္စ နှင့် ပတ်သက်၍ ၂၀၁၆ နိုဝင်ဘာလ ၁၀ ရက်နေ့ မှ ၁၂ ရက်နေ့အထိ ကိုရီးယားသမ္မတနိုင်ငံ၊ ဆိုးလ်မြို့တွင် World –Expo Co.,Ltd မှ ကြီးမှူးကျင်းပပြုလုပ်မည့် Asean Trade Fair ပြပွဲ ကို မြန်မာနိုင်ငံမှစီးပွားရေးလုပ်ငန်းရှင်များပါဝင်ပြသတက်ရောက်နိုင်ပါရန် အသင်းချုပ်သို့ ပေးပို့ဖိတ်ကြားလာပါသည်။

၂။ အဆိုပါပြပွဲတွင် စားသောက်ကုန်ပစ္စည်းများ၊ လက်မှုအနုပညာဖြင့်ဆက်စပ်သောပစ္စည်းများ၊ ခရီးသွား နှင့် သက်ဆိုင်သော ယဉ်ကျေးမှုဆိုင်ရာပစ္စည်းမျာ အစရှိသည်တို့ကို အဓိကထား ပါဝင်ပြသ ကြမည်ဖြစ် ကြောင်း၊ ယခုပြုလုပ်မည့်ပြပွဲသည်အာဆီယံ နှင့် ကိုရီးယားပူးပေါင်းဆောင်ရွက်မှုများပိုမိုမြှင့်တင်နိုင်မည့် အခွင့်လမ်းများဖြစ်ပါကြောင်း၊Asean Trade Fair နှင့်ပူးတွဲ၍ Asean Travel Fair 2016 ကိုကျင်းပပြုလုပ်သွား ရန် စီစဉ်လျက်ရှိပါကြောင်းပါရှိပါသည်။

၃။ သို့ဖြစ်ပါ၍ ပြပွဲသို့စိတ်ပါဝင်စားသော ကုန်သည်စက်မှုအသင်းချုပ်ရှိ သက်ဆိုင်ရာညီနောင်အသင်းများ အသင်းသားစီးပွားရေးလုပ်ငန်းရှင်များ နှင့် လေ့လာသူများအနေဖြင့် အသေးစိတ်အချက် အလက် များကို သိရှိလိုပါက stella@world-expo.co.kr နှင့် +၈၆၂၁၀၄၁၀၇၃၂၃၂ / +၈၂၂၅၅၇၆၇၇၆ သို့ဆက်သွယ် မေးမြန်းနိုင်ပါကြောင်း၊ ပြပွဲသို့တက်ရောက်နိုင်ရေးအတွက် အမည်စာရင်း၊ ပြသမည့် ပစ္စည်းစာရင်းများ၊ နိုင်ငံကူးလက်မှတ်မိတ္တူများကို အသင်းချုပ် ပြပွဲဌာနစိတ် Phone 01 – 2314344 – 49 EX:301 ၊Email ma@umfcci.com.mm သို့ ၁၅.၆.၂၀၁၆ ရက်နေ့နောက်ဆုံးထား၍ အသင်းချုပ် သို့ ပြန်လည်ပေးပို့နိုင်ပါ ကြောင်း ဖိတ်ကြားအပ်ပါသည်။

Download (PDF, 7.47MB)

About the Author

UMFCCI Administration Team. Please contact the Public Relations Unit at UMFCCI, Tel: 01-2314344 Ext 323.

View all posts by

Leave a Comment

comm comm comm