B4B Insights Forum (ဒုတိယအကြိမ်) ကျင်းပ

Written by  //  August 25, 2018  //  UMFCCI News  //  No comments

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

ယနေ့ ကျင်းပတဲ့ B4B Insights Forum (ဒုတိယအကြိမ်) မှာ ကဏ္ဍအလိုက် စီးပွားရေးလုပ်ငန်းရှင်များ အချင်းချင်းတွေ့ဆုံကြပြီး၊ မြန်မာ့စီးပွာရေးဖွံ့ဖြိုးတိုးတက်မှု မြင့်တက်စေမယ့် နည်းလမ်းတွေကို ဆွေးနွေးခဲ့ကြပါတယ်။

“ ဖိုရမ်က လက်ရှိလုပ်ငန်းများရဲ့ ပကတိအခြေအနေကိုေ

 

ဆွးနွေးကြမှာဖြစ်တဲ့အတွက် ဆွေးနွေးပွဲက ထွက်လာမယ့် ရလာဒ်

များဟာ နိုင်ငံတော်အစိုးရအတွက်သာမက ပုဂ္ဂလိကလုပ်ငန်းများအတွက်ပါ အထူး ကောင်းမွန်တဲ့ ရလာဒ်များ ဖြစ်မယ်လို့ ယုံကြည်ပါတယ်” ဟု ကုန်သည်စက်မှုအသင်းချုပ် ဥက္ကဋ္ဌ ဦးဇော်မင်းဝင်းမှ အမှာစကားပြောကြားခဲ့ပါတယ်။

B4B Insights Forum မှာ မတူညီသော စီးပွားရေးကဏ္ဍ (၉) ခုမှ လက်ရှိ မြန်မာ့ စီးပွားရေးအခြေအနေနဲ့ အခက်အခဲများ၊ အခက်အခဲတွေကို ကျော်လွှားနိုင်ဖို့ အကြံပြုချက်များ၊ နောင် (၃)လတွင် မိမိကဏ္ဍ အခြေအနေ မှန်းဆချက်များ စတာတွေကို ဆွေးနွေးကြခြင်းဖြစ်ပါတယ်။

ဒုတိယအကြိမ် B4B Insights Forum မှာ “အသင်းချုပ် ပြည်တွင်းစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးကော်မတီ” နဲ့ MMRD Co, Ltd တို့ ပူးပေါင်းကောက်ယူထားတဲ့ Myanmar Business Sentiment Survey ရဲ့ တွေ့ရှိချက်တွေ ဦးမိုးကျော်မှ ရှင်းလင်းတင်ပြခဲ့ပါတယ်။

“ယခုနှစ် ဒုတိယအကြိမ် စစ်တမ်းမှာ ဖြေဆိုထားတဲ့လုပ်ငန်းပေါင်း ၂၅၃၅ခုထိ ရှိလာပါတယ်၊ ဒါကြောင့် ယခုလက်ရှိ လုပ်ငန်းအခြေအနေများက တိတိကျကျနဲ့ပို၍ ထင်ဟပ်စေပါတယ်” ဦးမိုးကျော်မှ ပြောကြား ခဲ့ပါတယ်။

ဒုတိယအကြိမ်စစ်တမ်းတွင် စီးပွားရေးလုပ်ငန်း ၃၁,၅၅၂ မှ ဖြေဆိုသည့် လုပ်ငန်းပေါင်း ၂၅၃၅ ခု၏ ဖြေဆိုချက်တွေကို အခြေခံတွက်ချက်ထားတာဖြစ်ပါတယ်၊ ဖြေဆိုထားသည့် စီးပွားရေးလုပ်ငန်းများမှာ ထုတ်လုပ်မှုကဏ္ဍ၊ ဝန်ဆောင်မှုကဏ္ဍ၊ ပို့ကုန်/သွင်းကုန်ကဏ္ဍ တို့မှ ဖြေဆိုထားခြင်းဖြစ်ပါတယ်။

ဖိုရမ်ရဲ့ အကြံပြုချက်များကို စနစ်တကျ ပြုစုပြီး ပြည်ထောင်စု အစိုးရအဖွဲ့၊ ဝန်ကြီးဌာနများ၊ လွှတ်တော်များနဲ့ ပြည်နယ်နှင့်တိုင်းဒေသကြီး အစိုးရများထံသို့ အစီရင်ခံတင်ပြသွားမှာဖြစ်ပါတယ်။

ကုန်သည်စက်မှုအသင်းချုပ်

About the Author

UMFCCI Administration Team. Please contact the Public Relations Unit at UMFCCI, Tel: 01-2314344 Ext 323.

View all posts by

Leave a Comment

comm comm comm