B4B Insights Forum (First Quarter Report) အား ဒေါင်းလုဒ်ရယူနိုင်ပါသည်

Written by  //  August 13, 2018  //  Publications, UMFCCI News

ကုန်သည်စက်မှုအသင်းချုပ်သည် နိုင်ငံ၏စီးပွားရေး ပိုမို အားကောင်းလာစေရန်၊ စီးပွားရေးလုပ်ငန်းများတွင် ကြုံတွေ့နေရသည့် အခက်အခဲများ၊ စိန်ခေါ်မှုများကို ဖြေရှင်းပေးနိုင်ရန်နှင့် စီးပွားရေးလုပ်ငန်းများမှ တိကျခိုင်လုံသည့် သတင်းအချက်အလက်များကို တိုက်ရိုက်ရရှိစေရန် ရည်ရွယ်၍ B4B Insights Forum ကို (၃) လ တစ်ကြိမ် ကျင်းပပြုလုပ်ရန်စီစဉ်ခဲ့ပြီး ပထမအကြိမ်ဖိုရမ်ကို ၂၀၁၈ ခုနှစ်၊ မေလ (၂၇) ရက်နှင့် (၂၈) ရက်နေ့တွင် မြန်မာနိုင်ငံ ကုန်သည်စက်မှုအသင်းချုပ်၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

ပထမအကြိမ် B4B Insights Forum တွင် Business Sentiment Survey စစ်တမ်းကောက်ယူခြင်းမှ ရရှိသည့် အချက်အလက်များကို တင်ပြခြင်းနှင့် လုပ်ငန်းရှင်များ၏ ပကတိအခြေအနေကို တင်ပြဆွေးနွေးခြင်းဟူ၍ အပိုင်း (၂) ပိုင်း ပါဝင် ပါသည်။ Business Sentiment Survey စစ်တမ်းကောက်ယူရာတွင် ကုန်သည်စက်မှုအသင်းချုပ် အသင်းသားများ၏ လုပ်ငန်း ၁၄၆၄ ခုမှ ကောက်ယူရရှိခဲ့သည့် အချက်အလက်များကို အခြေပြု၍ သုံးသပ်တင်ပြခဲ့ကြပါသည်။

ဘဏ်နှင့် ငွေရေးကြေးရေးဝန်ဆောင်မှုလုပ်ငန်းကဏ္ဍ၊ လက်လီရောင်းချခြင်းလုပ်ငန်းကဏ္ဍ၊ ဆောက်လုပ်ရေးကဏ္ဍ၊ ဝန်ဆောင်မှုလုပ်ငန်းကဏ္ဍ၊ စက်မှုလုပ်ငန်းများကဏ္ဍ၊ စိုက်ပျိုးရေးကဏ္ဍ၊ ကုန်သွယ်မှုကဏ္ဍ၊ အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းကဏ္ဍများအပေါ် ဆွေးနွေးအကြံပြုချက်များပါဝင်သည့် B4B Insights Forum အစီရင်ခံစာကို

http://bit.ly/B4BFirstReport တွင် ဒေါင်းလုဒ်ရယူနိုင်ပါသည်။

ကုန်သည်စက်မှုအသင်းချုပ်

About the Author

UMFCCI Administration Team. Please contact the Public Relations Unit at UMFCCI, Tel: 01-2314344 Ext 323.

View all posts by