B4B Insights Forum

Written by  //  May 28, 2018  //  Newsletters  //  No comments

မေလ ၂၇ ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့တဲ့ B4B Insights Forum တွင် ကဏ္ဍအလိုက် စီးပွားရေးလုပ်ငန်းရှင်များအချင်းချင်းတွေ့ဆုံ၍ မြန်မာ့စီးပွားရေးဖွံ့ဖြိုးတိုးတက်စေရန် နည်းလမ်းများကို ဆွေးနွေးခဲ့ကြရာ အသင်းချုပ် ဒုတိယဥက္ကဋ္ဌ ဦးဝေဖြိုးမှ ခြုံငုံသုံးသပ်ဆွေးနွေးပေးခဲ့ပါတယ်။

SMEs လုပ်ငန်းများအတွက် အတိုးနှုန်းသက်သာစေရန်နှင့် Tax များ ကောက်ခံရာတွင် မူတစ်ခုသတ်မှတ်နိုင်ရေး.

တရားမဝင်ကုန်သွယ်မှု ထိန်းသိမ်းပေးရေး

အလုပ်ရှင် အလုပ်သမား အကြား လုပ်ငန်းခွင်ဆက်ဆံရေး ကောင်းမွန်ဖို့ ထိန်းညှိပေးနိုင်ရေး.

ပြည်တွင်းလုပ်ငန်းများမှ တန်ဖိုးမြင့်ထုတ်ကုန်များထုတ်လုပ်၍ နိုင်ငံတကာဈေးကွက်သို့ ထိုးဖောက်နိုင်ရေး .

စက်မှုလက်မှုလုပ်ငန်းများတွင် အဆင့်မြင့်နည်းပညာများအသုံးပြု၍ တန်ဖိုးမြင့်ထုတ်ကုန်များထုတ်လုပ်နိုင်ရေး

စသည်တို့အပြင် ကဏ္ဍအသီးသီးမှ ဆွေးနွေးခဲ့သော လိုအပ်ချက်များကို ခြုံငုံသုံးသပ်ဆွေးနွေးခြဲ့ပီး အခမ်းအနားကို အောင်မြင်စွာ ကျင်းပခဲ့ပါတယ်။

စီးပွားရေးတိုးမြှင့်နိုင်ရေး အတွက် အဆိုပါဖိုရမ် အစီရင်ခံစာကို နိုင်ငံတော်အစိုးရနှင့်လွှတ်တော်ကိုယ်စားလှယ်များ.သက်ဆိုင်ရာအဖွဲ့အစည်းများသို့ အလျင်မြန်ဆုံးပေးပို့တင်ပြ၍ ပြည်တွင်းစီးပွားရေးလုပ်ငန်းများ ပိုမိုတိုးတက်အောင်မြင်စေရန် ပူးပေါင်းဆောင်ရွက်သွားမှာဖြစ်ပါတယ်။

ကဏ္ဍအလိုက် လိုအပ်ချက်များစုံလင်စွာ ပါဝင်သော အစီရင်ခံစာအသေးစိတ်ကိုမကြာမီထုတ်ပြန်ပေးသွားမှာဖြစ်ပါတယ်.

ကုန်သည်စက်မှုအသင်းချုပ်

About the Author

UMFCCI Administration Team. Please contact the Public Relations Unit at UMFCCI, Tel: 01-2314344 Ext 323.

View all posts by

Leave a Comment

comm comm comm