B4B Insights Fourm

Written by  //  August 13, 2018  //  Business Matching  //  No comments

ကုန်သည်စက်မှုအသင်းချုပ်မှ ဦးဆောင်၍ ပြည်တွင်းစီးပွားရေးလုပ်ငန်းများ ပိုမိုဖွံ့ဖြိုးတိုးတက်အောင်မြင် စေရန်နှင့် စီးပွားရေးလုပ်ငန်းရှင်များတွေ့ကြုံနေရသော အခက်အခဲများကို ပေါင်းစပ်ညှိနှိုင်း အဖြေရှာကာ အစိုးရ နှင့် ပုဂ္ဂလိက လုပ်ငန်းရှင်များအကြား ပေါင်းကူးဆက်သွယ်၍ နိုင်ငံတော်၏ စီးပွားရေး လုပ်ငန်းများ ပိုမိုကျယ်ပြန့် စေရန် အတွက် B4B Insights Forum ပထမအကြိမ်ကို ၂၀၁၈ခုနစ် မေလတွင် အောင်မြင်စွာ ကျင်းပပြုလုပ်ခဲ့ပြီး ဖြစ်ပါသည်။

ယခုအခါ ဒုတိယအကြိမ်အဖြစ် 2nd B4B Insights Forum ကို အောက်ဖော်ပြပါ အစီအစဉ်အတိုင်း (၂)ရက်တာ ကျင်းပပြုလုပ်မည်ဖြစ်ပါသဖြင့် လက်တွေ့စီးပွားရေးနယ်ပယ်အသီးသီးမှ လုပ်ငန်းရှင်များနှင့် တာဝန်ရှိပုဂ္ဂိုလ်များ၊ ပြည်တွင်း/ပြည်ပစီးပွားရေး မိတ်ဖက်အဖွဲ့အစည်းများ၊ မြန်မာနိုင်ငံတွင် စီးပွားရေးလုပ်ကိုင်လျက်ရှိသော နိုင်ငံခြား ကုမ္ပဏီများမှ ပုဂ္ဂိုလ်များ တက်ရောက်နိုင်ပါရန် ဖိတ်ကြားအပ်ပါသည်။

ကျင်းပမည့်နေ့ရက်-၂၅.၈.၂၀၁၈(စနေနေ့)မှ ၂၆.၈.၂၀၁၈(တနင်္ဂနွေနေ့)အထိ
ကျင်းပမည့်အချိန် – နံနက် ၈း၃၀ နာရီမှ ညနေ ၅ နာရီအထိ
ကျင်းပမည့်နေရာ – မင်္ဂလာခန်းမ၊ကုန်သည်စက်မှုအသင်းချုပ်

2nd B4B Insights Forum တွင် ခရီးသွားလုပ်ငန်း၊ ကုန်စည်နှင့်ဝန်ဆောင်မှု၊ စက်မှုလက်မှုလုပ်ငန်း၊ မော်တော်ယာဉ်လုပ်ငန်း၊ စားသောက်ကုန်၊ CMP အထည်ချုပ်လုပ်ငန်း၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးနှင့် ဖြန့်ဖြူးရေး၊ ကျန်းမာရေး၊ သတင်းအချက်အလက်နှင့်နည်းပညာ၊ ကျပ်ငွေလဲလှယ်နှုန်း စသည့်ကဏ္ဍများအပေါ် သဘောထား အမြင်များ၊ လက်ရှိဖြစ်ပေါ်နေသည့်အခက်အခဲများ၊ ရှေ့ဆက်ဆောင်ရွက်လိုသည့် လုပ်ငန်းစဉ်များ ကို စီးပွားရေးနယ်ပယ် အသီးသီးမှ လုပ်ငန်းရှင်များမှ ဆွေးနွေးပြောကြားမည်ဖြစ်ပြီး မြန်မာနိုင်ငံ၌ လက်ရှိ ပြဌာန်းကျင့်သုံးလျက်ရှိသော ဥပဒေများ၊ နည်းဥပဒေများ၊ ပေါ်လစီမူဝါဒများနှင့်စပ်လျဉ်း၍ ပညာရှင်များမှ အကြံပြု ဆွေးနွေးသုံးသပ်တင်ပြမည် ဖြစ်ပါသည်။

ကုန်သည်စက်မှုအသင်းချုပ်
ဆက်သွယ်ရန်
အသင်းသားရေးရာဌာန
ဖုန်း ၀၁-၂၃၁၄၃၄၄-၄၉ လိုင်းခွဲ-၁၁၈၊၁၄၀၊ ၀၉-၄၅၀၂၀၀၃၄၀
အီးမေးလ်- ma@umfcci.com.mm

About the Author

UMFCCI Administration Team. Please contact the Public Relations Unit at UMFCCI, Tel: 01-2314344 Ext 323.

View all posts by

Leave a Comment

comm comm comm