BCIM Business Council Meeting နှင့် the 1st BCIM Business Forum ကျင်းပ

Written by  //  January 16, 2015  //  UMFCCI News  //  No comments

image-64b2bff162226039987c59f2b3f3d2e320da3fb09d08ca2dec6369227989773f-V

ဇန်နဝါရီလ ၁၄၊၂၀၁၅- တရုတ်နိုင်ငံ၊ တရုတ်နိုင်ငံ နိုင်ငံတကာကုန်သွယ်မှုမြင့်တင်ရေးကောင်စီ (CCPIT) ၏ Hangzhou Sub-Council မှ ကြီးမှူး၍ “Bangladesh-China-India-Myanmar (BCIM) Business Council Meeting နှင့်
the 1st BCIM Business Forum” တို့ကို ၂၀၁၅ခုနှစ်၊ ဇန်န၀ါရီလ ၁၄ ရက်မှ ဇန်န၀ါရီလ ၁၅ ရက်နေ့အထိ
တရုတ်နိုင်ငံ Zhejiang ပြည်နယ်၊ ဟန်ဂျိုးမြို့၌ ကျင်းပပြုလုပ်ခဲ့ရာ ဘင်္ဂလားဒေ့ရှ်၊ တရုတ်၊ အိန္ဒိယ၊ မြန်မာ လေးနိုင်ငံမှ သံအမတ်များ၊ အစိုးရ အရာရှိများ၊ စီးပွားရေးလုပ်ငန်းရှင်များ နှင့် အတူ ကုန်သည်စက်မှုအသင်းချုပ် တွဲဖက်အထွေထွေ အတွင်းရေးမှုး ဦးအေးလွင်နှင့် မြန်မာစီးပွားရေးလုပ်ငန်းရှင်များ တက်ရောက်ခဲ့ပါသည်။

အဆိုပါ ဖိုရမ်ကို ဒေသတွင်းစီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံမှု မြှင့်တင်နိုင်ရေး၊ ခရီးသွားယဉ်ကျေးမှု အမြင်ဖလှယ်နိုင်ရေး၊ ချည်မျှင်နှင့် အထည်လုပ်ငန်း အရည်အသွေးမြင့်တင်ဖွံ့ဖြိုးတိုးတက်လာစေရေး၊ အွန်လိုင်း ကုန်စည်ဝန်ဆောင်မှုလုပ်ငန်း ဖွံ့ဖြိုးတိုးတက်လာစေရေးနှင့် စပ်လျဉ်း၍ BCIM နိုင်ငံများအကြား အသိပညာ ဗဟုသုတ များ မျှဝေဖလှယ်နိုင်ရန်ရည်ရွယ်၍ ကျင်းပခြင်းဖြစ်ပါသည်။

တက်ရောက်လာသည့် နိုင်ငံအသီးသီးမှ ပညာရှင်များမှ Connectivity-Trade and Investment Opportunities၊ Tourism & Culture Exchanges ၊ Cross-Border E-Commerce: Online Silk Road ၊ Textile Cooperation စသည်ဖြင့် ကဏ္ဍအသီးသီးခွဲကာ အသီးသီးတင်ပြ ဆွေးနွေး အမြင်ချင်း ဖလှယ်ခဲ့ ကြပါသည်။

ကုန်သည်စက်မှုအသင်းချုပ်

About the Author

UMFCCI Administration Team. Please contact the Public Relations Unit at UMFCCI, Tel: 01-2314344 Ext 323.

View all posts by

Leave a Comment

comm comm comm