Busan မြို့မှ ကုန်ထုတ်လုပ်ငန်းရှင်များနှင့် ဆက်သွယ်ပါ

Written by  //  June 22, 2017  //  Find Your Business Partners, UMFCCI News  //  No comments

ကိုရီးယားနိုင်ငံ Busan မြို့မှ ကုန်ထုတ်လုပ်ငန်းရှင်များက မြန်မာ့လုပ်ငန်းရှင်များနှင့် ပူးပေါင်းလုပ်ဆောင်လိုကြကြောင်း ယနေ့ ကုန်သည်စက်မှုအသင်းချုပ်သို့ လာရောက်အသိပေး ဆွေးနွေးခဲ့ကြသည်။

စက်မှုလုပ်ငန်းသုံး ပစ္စည်းများမှသည် လူသုံးကုန်ပစ္စည်းများနှင့် ဆော့ဝဲနည်းပညာထုတ် လုပ်ငန်းများအထိ ကဏ္ဍစုံပါဝင်သော ကိုရီးယားနိုင်ငံ Busan Export Club ၏ ခရီးစဉ်တွင် ကိုရီးယားလုပ်ငန်းရှင် (၃၀) ဦးကျော်တို့က ၎င်းတို့အနေဖြင့် မြန်မာနိုင်ငံသို့ တင်ပို့ဖြန့်ချိရေးနှင့် မြန်မာနိုင်ငံအတွင်းတွင် ရင်းနှီးမြှုပ်နှံကာ ထုတ်လုပ်နိုင်ရေး စိတ်အားထက်သန်လျက်ရှိကြောင်း ကုန်သည်စက်မှုအသင်းချုပ်သို့ အသိပေးခဲ့ကြသည်။

အသင်းချုပ် အထွေထွေအတွင်းရေးမှူးချုပ် ဦးအောင်ကြည်စိုးက ကိုရီးယားလုပ်ငန်းရှင်များအား မြန်မာနိုင်ငံအတွင်းရင်းနှီးမြှုပ်နှံမှုနှင့်အတူ ခေတ်မီနည်းပညာများ ယူဆောင်ပံ့ပိုးပေးပါရန် ပြောသည်။ ကိုရီးယားလုပ်ငန်းရှင်များက သဘောတူညီခဲ့ကြပြီး လက်တွဲလုပ်ဆောင်နိုင်မည်များကို ဆွေးနွေးခဲ့ကြသည်။

ကိုရီးယားလုပ်ငန်းရှင်များ၏ ကုမ္ပဏီနှင့် ထုတ်ကုန် အချက်အလက်များ၊ ဆက်သွယ်ရန် နည်းလမ်းများကို ဝေမျှလိုက်ပါသည်။ တိုက်ရိုက်ချိတ်ဆက် လုပ်ဆောင်နိုင်ပါရန် မြန်မာလုပ်ငန်းရှင်များအား တိုက်တွန်းအပ်ပါသည်။


PDF Download:

Download (PDF, 4.49MB)

About the Author

View all posts by

Leave a Comment

comm comm comm