Celebration and Mobilization of UNGC Myanmar Local Network ကျင်းပ

Written by  //  December 20, 2014  //  Seminars, UMFCCI News, Uncategorized  //  No comments

ကုလသမဂ္ဂ၏ Global Compact အဖွဲ့အစည်း အကြောင်းနှင့် တာဝန်ယူမှုရှိသော စီးပွားရေးလုပ်ငန်း Corporate Social Responsibility များ၏ အလေ့အထများကို မြန်မာနိုင်ငံမှ ကျယ်ပြန့်စွာ သိရှိနိုင်ရန် ရည်ရွယ်၍ ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော် ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ် Corporate Social Responsibility (CSR) Unit နှင့် Global Compact Network Myanmar တို့ပူးပေါင်းကျင်းပမည့် “Celebration and Mobilization of UNGC Myanmar Local Network: Towards a Thousand Members ” အခမ်းအနားအား ၂၀၁၄ခုနှစ် ဒီဇင်ဘာလ ၂၀ရက်နေ့နံနက် ၉နာရီတွင် ကုန်သည်စက်မှုအသင်းချုပ် မင်္ဂလာခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
အခမ်းအနားသို့ သမ္မတအကြံပေး ပရောဖက်ဆာ ဒေါက်တာအောင်ထွန်းသက်၊ ကုန်သည်စက်မှု အသင်းချုပ် ဒုဥက္ကဋ္ဌ ဦးဇော်မင်းဝင်း၊ တွဲဖက်အထွေထွေအတွင်းရေးမှူး ဦးအေးလွင် ဒေါ်ခိုင်ခိုင်နွယ်၊ ဦးအောင်ဇော်ဦး၊ ကုန်သည်စက်မှုအသင်းချုပ် ဗပိာုအလုပ်အမှုဆောင်၊ အလုပ်အမှု ဆောင်များ၊ Yoma Strategic Holdings CSR Department မှ Mr. Martin Pun၊ UN Global Compact အဖွဲ့ဝင် မြန်မာကုမ္ပဏီများ၊ စိတ်ပါဝင်စားသော လုပ်ငန်းရှင်များနှင့် မီဒီယာများ တက်ရောက်ခဲ့ကြပါသည်။
ရှေးဦးစွာ ကုန်သည်စက်မှုအသင်းချုပ် တွဲဖက်အထွေထွေ အတွင်းရေးမှူး ဒေါ်ခိုင်ခိုင်နွယ် မှအဖွင့် အမှာစကားပြောကြားခဲ့ပါသည်။ ဆက်လက်၍ ဒေါက်တာအောင်ထွန်းသက်မှ တာဝန်ယူမှုရှိသော စီးပွားရေးလုပ်ငန်း (CSR) အလေ့အထများကို လိုက်နာကျင့်သုံးရန် အရေးပါမှု၊ မြန်မာကုမ္ပဏီများ Global Compact အဖွဲ့ဝင် ကုမ္ပဏီများ ဖြစ်လာနိုင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်ရန်၊ Global Compact အဖွဲ့ဝင်နိုင်ရေးအတွက် ကုန်သည်စက်မှုအသင်းချုပ် CSR Unit နှင့်လည်း ချိတ်ဆက် ဆောင်ရွက်နိုင်ကြောင်း ပြောကြားခဲ့ပါသည်။
3

2

ထို့နောက် တက်ရောက်လာသည့် ကုမ္ပဏီများမှ CSR ဆောင်ရွက်မှုများ၊ Global Compact အဖွဲ့ဝင်ခြင်းဖြင့် ရရှိနိုင်သည့် အကျိုးကျေးဇူးများ၊ Global Compact အသင်းဝင်ဖြစ်ရေး အတွက် လိုအပ်ချက်များ စသည့် Global Compact ဆိုင်ရာနှင့် စပ်လျဉ်း၍ အတွေ့အကြုံများ၊ သိရှိလိုသည်များကို တင်ပြဆွေးနွေးခဲ့ကြပါသည်။ ဆက်လက်၍ Yoma Strategic Holdings CSR Department မှ Mr. Martin Pun မှနိဂုံးချုပ် အမှာစကားပြောကြားခဲ့ပြီး အခမ်းအနားကို ရုတ်သိမ်းခဲ့ပါသည်။
မြန်မာနိုင်ငံ၌ UNGC အဖွဲ့ဝင် ကုမ္ပဏီပေါင်း (၁၄၆) ခုရှိပြီဖြစ်ပါသည်။ United Nation Global Compact (UNGC) သည် ကမ္ဘာ့နိုင်ငံပေါင်း ၁၄၅နိုင်ငံတွင် အဖွဲ့ဝင်ပေါင်း ၁၂၀၀၀ ရှိသော အဖွဲ့အစည်းကြီးတစ်ခုဖြစ်ပြီး မြန်မာနိုင်ငံရှိစီးပွားရေး လုပ်ငန်းရှင်များသည် UNGC ၏အဖွဲ့ဝင်အဖြစ် အများ အပြား ဝင်ရောက်လာလျှင် လာမည့် AEC ၂၀၁၅ တွင်လည်း အကျိုးရှိနိုင်မည် ဖြစ်ကြောင်း သိရှိရပါသည်။
ကုန်သည်စက်မှုအသင်းချုပ်

5

1

About the Author

UMFCCI Administration Team. Please contact the Public Relations Unit at UMFCCI, Tel: 01-2314344 Ext 323.

View all posts by

Leave a Comment

comm comm comm