China-ASEAN / China-Myanmar Economic, Trade and Investment Cooperation Award အား ကုန်သည်စက်မှုအသင်းချုပ်ဥက္ကဋ္ဌ ဦးဇော်မင်းဝင်းမှ တက်ရောက်လက်ခံ

Written by  //  January 29, 2018  //  UMFCCI News  //  No comments

ကုန်သည်စက်မှုအသင်းချုပ် ဥက္ကဋ္ဌ ဦးဇော်မင်းဝင်းသည် ၂၀၁၈ ခုနစ် ဇန်နဝါရီလ ၂၃ ရက်နေ့တွင်၊ တရုတ်နိုင်ငံ ဘေဂျင်းမြို့၌ China-ASEAN Business Council မှ ပေးအပ်သည့် Award of promoting China-ASEAN / China-Myanmar Economic, Trade and Investment Cooperation အား တက်ရောက်လက်ခံ ရယူခဲ့ပါသည်။

တရုတ်နိုင်ငံသည် မြန်မာအပါအဝင် အာဆီယံနိုင်ငံများနှင့် ချစ်ကြည်ရင်းနှီးသော ဆက်ဆံရေးတစ်ရပ်ကို တည်ဆောက်နိုင်ခဲ့ပြီး စီးပွားရေးပူးပေါင်းဆောင်ရွက်မှု၊ ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုများတိုးမြှင့်ဆောင်ရွက် နိုင်ခဲ့သဖြင့် အာဆီယံနိုင်ငံများမှ စီးပွားရေးခေါင်းဆောင်များအား ဂုဏ်ပြုဆုချီးမြှင့်သည့် အခမ်းအနား ကျင်းပခဲ့ပါသည်။

အခမ်းအနားသို့ တရုတ်နိုင်ငံနှင့် အာဆီယံနိုင်ငံများမှ အစိုးရအဖွဲ့ဝင်များ၊ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ၊ သံအမတ်ကြီးများ၊ စီးပွားရေးသံမှူးများတက်ရောက်ခဲ့ကြပြီး တရုတ်နိုင်ငံနှင့် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ရေး ဆောင်ရွက်ခဲ့ကြသည့် အာဆီယံနိုင်ငံများရှိ စီးပွားရေးခေါင်းဆောင်များမှ ဆုတက်ရောက်လက်ခံရယူခဲ့ကြပါသည်။
ကုန်သည်စက်မှုအသင်းချုပ်

About the Author

UMFCCI Administration Team. Please contact the Public Relations Unit at UMFCCI, Tel: 01-2314344 Ext 323.

View all posts by

Leave a Comment

comm comm comm