“China Development Bank Scholarship 2018” ပညာသင်ဆုလျှောက်ထားနိုင်ခြင်း

Written by  //  July 4, 2018  //  Scholarships  //  No comments

၁။     တရုတ်နိုင်ငံမှပေးအပ်သည့် ၂၀၁၈ ပညာသင်ဆုအတွက် “China Development Bank Scholarship 2018: Master Program” ပညာသင်ဆုများသို့ သက်ဆိုင်ရာဝန်ကြီးဌာန၊ အဖွဲ့အစည်း၏ ခွင့်ပြုချက်ဖြင့် သက်ဆိုင်ရာ Website မှတဆင့် လျှောက်ထားနိုင်ကြောင်း အကြောင်းကြားလာပါသည်။

၂။       လျှောက်ထားနိုင်သည့် ဘာသာရပ်များမှာ (၁) Chinese Language Program နှင့် (၂) Master Program for University of International Business and Economics (UIBE) ဘာသာရပ်များသို့ လျှောက်ထားနိုင်ပါသည်။

၃။       အဆိုပါ ပညာသင်ဆုများသို့ သတ်မှတ်အရည်အချင်းများနှင့် ကိုက်ညီသော ကုန်သည်စက်မှုအသင်းချုပ်ဝန်ထမ်းများ၊ ညီနောင်အသင်းမှ ဝန်ထမ်းများ၊ ကုန်သည်စက်မှုအသင်းချုပ် အသင်းဝင်ကုမ္မဏီများ၏ အဖွဲ့ဝင်များ (သို့) ဝန်ထမ်းများ လျှောက်ထားနိုင်ပါသည်။

၎။       သို့ဖြစ်ပါ၍ အထက်ဖော်ပြပါ ပညာသင်ဆုများသို့ လျှောက်ထားရန် စိတ်ပါဝင်စားပါက အသေးစိတ် အချက်အလက်များကို Website : www.csc.edu.cn/laihua သို့ ဝင်ရောက်လေ့လာနိုင်ပြီး အသင်းချုပ်၏ ခွင့်ပြုချက်ဖြင့် လျှောက်ထားရမည်ဖြစ်ပါသည်။ ခွင့်ပြုချက်ရယူလိုပါက အသင်းချုပ်၊ အမှုဆောင်အရာရှိချုပ်ထံ လိပ်မူ၍ ကိုယ်တိုင်ရေးလျှောက်လွှာ (၁) စောင်၊ ဓါတ်ပုံ (၁) ပုံ၊ အသင်းဝင်ကဒ် မိတ္ထူ၊ မှတ်ပုံတင်မိတ္ထူတို့ကို ပူးတွဲ၍ အသင်းချုပ်နှင့် ညီနောင်အသင်းများမှ အမှုဆောင်/ဝန်ထမ်း၊ အသင်းချုပ်၊ အသင်းဝင်ကုမ္ပဏီများမှ အဖွဲ့ဝင် (သို့) ဝန်ထမ်း ဖြစ်ကြောင်းထောက်ခံစာတို့နှင့်အတူ Website တွင်ပါရှိသည့် သတ်မှတ်ရက်ထက်နောက် မကျဘဲ လျှောက်ထားရမည်ဖြစ်ပါသည်။

၅။      အသေးစိတ်သိရှိလိုပါက HRD ဌာန၊ ဖုန်းနံပါတ် ၀၁ -၂၃၁၄၃၄၄ ~ ၄၉၊ Ext: ၁၃၃၊ ၁၃၄ သို့ ဆက်သွယ်စုံစမ်း မေးမြန်းနိုင်ပါကြောင်း အကြောင်းကြားအပ်ပါသည်။

ကုန်သည်စက်မှုအသင်းချုပ်

About the Author

UMFCCI Administration Team. Please contact the Public Relations Unit at UMFCCI, Tel: 01-2314344 Ext 323.

View all posts by

Leave a Comment

comm comm comm