Certificate of Origin

Certificate of Myanmar Origin

Country of Origin လက်မှတ်လျှောက်ထားခြင်း၊ လက်ခံခြင်း၊ ထုတ်ပေးခြင်း၊ ငွေကြေးကောက်ခံခြင်းတို့နှင့်
ပတ်သက်သော အချက်အလက်များ
***********************************

၁။ လျှောက်ထားခွင့်ရှိသူ

– ကုန်သည်စက်မှုအသင်းချုပ်တွင် အသင်းဝင်ထားပြီး CO လျှောက်ထားချိန်တွင် နှစ်စဉ်ကြေး အကြေအလည်ပေးသွင်းပြီးသော အသင်းသားများ

၂။ CO လျှောက်ထားရန်လိုအပ်သော စာရွက်စာတမ်းများ

– Copy of Export Declaration (ED)

– Export လိုင်စင်လျှောက်ထားရသော ပစ္စည်းဖြစ်ပါက Export လိုင်စင်မိတ္တူ

– Invoice ၊ Packing List ၊ Bill of Lading ၊ Airway Bill မိတ္တူ

– ဆန်စပါး၊ ပဲမျိုးစုံနှင့်နှမ်း၊ သစ်၊ အထည်အလိပ်၊ စက်မှုပစ္စည်း၊ ရာဘာပစ္စည်း၊အစားအသောက်
ပစ္စည်းများ တင်ပို့ခြင်းဖြစ်ပါသက်ဆိုင်ရာညီနောင်အသင်းမှ ထောက်ခံချက်

၃။ CO ထုတ်ပေးရာတွင် ထောက်ခံလျက်ရှိသော နှုန်းထားများ

(က) တင်ပို့မည့်ကုန်ပစ္စည်းအလေးချိန်
တန် ၁ တန်မှ ၅၀ အတိထိ – ကျပ် ၆၀၀၀

(ခ) တင်ပို့မည့်ကုန်ပစ္စည်းအလေးချိန်
တန် ၅၀ အထက်မှ တန် ၁၀၀ အတိထိ – ကျပ် ၈၀၀၀

(ဂ) စုစုပေါင်းကုန်ပစ္စည်းအလေးချိန်
တန် ၁၀၀ မှ အထက် – ကျပ် ၁၀၀၀၀

(ဃ) CO Form ပုံစံ – ကျပ် ၅၀၀

(င) Endorsement တစ်စောင်လျှင် – ကျပ် ၄၀၀၀

၎။ CO လျှောက်ထားနိုင်သည့်နည်းလမ်းများ

အောက်ပါ လျှောက်လွှာ Form ကို ဒေါင်းလုဒ် ရယူပြီး လိုအပ်သော အချက်အလက်များဖြည့်စွက်၍
File name ကို ကုမ္ပဏီ၏ UMFCCI အသင်းဝင် နံပါတ်နှင့် Save လုပ်ပြီး umfcciecoo@gmail.com သို့ ပူးတွဲလျက်ပေးပို့ လျှောက်ထားနိုင်ပါသည်။

သိရှိလိုသည်များရှိပါက ဖုန်း ၀၁ ၂၃၁၄၃၄၄ မှ ၄၉ လိုင်းခွဲ ၁၃၆ သို့ ရုံးချိန်အတွင်း ဆက်သွယ်မေးမြန်းနိုင်ပါသည်။

CO Form

Download (PDF, 175KB)

ကုန်သည်စက်မှုအသင်းချုပ်