Communications Strategies for IPOs Seminar ကျင်းပမည်

Written by  //  July 22, 2015  //  UMFCCI News  //  No comments

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ ကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်နှင့် မြန်မာနိုင်ငံ အခြေစိုက် Law Firm တစ်ခုဖြစ်သော ANTHEM Asia ကုမ္ပဏီ၏ အဖွဲ့ဝင် ZAGAR Communications ကုမ္ပဏီတို့ ပူးပေါင်း၍ “Communications Strategies for IPOs” ခေါင်းစဉ်ဖြင့် မြန်မာနိုင်ငံတွင် အစုရှယ်ယာဈေးကွက် ပေါ်ပေါက်လာရေးနှင့် စပ်လျဉ်း၍ ဆွေးနွေးပွဲကို အောက်ဖော်ပြပါအစီအစဉ်အတိုင်း ကျင်းပ ပြုလုပ်မည်ဖြစ်ပါသည်။

ကျင်းပမည့်နေ့ရက် – ၂၀.၈.၂၀၁၅ ရက် (ကြာသပတေးနေ့)
ကျင်းပမည့်အချိန် – ၁၀း၀၀နာရီ မှ ၁၂း၀၀နာရီ
ကျင်းပမည့်နေရာ – စတုတ္တထပ်၊ ကုန်သည်/စက်မှုအသင်းချုပ်

အဆိုပါ ဆွေးနွေးပွဲတွင် အစုရှယ်ယာဈေးကွက်တွင် ကြုံတွေ့ရမည့်ဘဏ္ဍာရေးဆိုင်ရာအခက်အခဲများ၊ မြန်မာနိုင်ငံ၏ စီးပွားရေးဆက်သွယ်မှုဝန်းကျင်အခြေအနေ၊ Stock Exchange ဆိုင်ရာနည်းဥပဒေများ၊ မြန်မာနိုင်ငံဈေးကွက်တွင် ရှေးဦးစွာ အစုရှယ်ယာပေါ်ပေါက်လာရေး နှင့် ရှယ်ယာဈေးကွက်တွင် ခိုင်မာသော ဈေးနှုန်းသတ်မှတ်နိုင်စေရေး တို့အတွက် ရည်ရွယ်၍ ဆောင်ရွက်ရမည့်နည်းလမ်းကောင်းများကို ကျွမ်းကျင် ပညာရှင်များမှ ဆွေးနွေး တင်ပြကြမည်ဖြစ်ပါသည်။
သို့ဖြစ်ပါ၍ အထက်ပါ ဆွေးနွေးပွဲသို့ စိတ်ပါဝင်စား၍ တက်ရောက်လိုပါက တက်ရောက်မည့်ပုဂ္ဂိုလ်အမည် စာရင်းကို ပူးတွဲပါ Registration form တွင် ပြည့်စုံစွာဖြည့်စွက်၍ (၁၈.၈.၂၀၁၅) ရက်နေ့ နောက်ဆုံးထား ပေးပို့နိုင်ပါရန် မေတ္တာရပ်ခံ ဖိတ်ကြားအပ်ပါသည်။
IPO Seminar-1
Microsoft Word - Agenda
IPO Seminar-2

GDE Error: Error retrieving file - if necessary turn off error checking (404:Not Found)

ကုန်သည်စက်မှုအသင်းချုပ်

About the Author

UMFCCI Administration Team. Please contact the Public Relations Unit at UMFCCI, Tel: 01-2314344 Ext 323.

View all posts by

Leave a Comment

comm comm comm