Conference in Economic Transformation and Development သို့တက်ရောက်ရန်ဖိတ်ကြားခြင်း။

Written by  //  November 18, 2015  //  Seminars, UMFCCI News  //  No comments

၁။ ပိုလန်သံရုံး (ဘန်ကောက်) မှ ကြီးမှူး၍ ပိုလန်-မြန်မာ သံတမန်ဆက်ဆံရေးနှစ်(၆၀)ပြည့် အထိမ်းအမှတ်အဖြစ်ကျင်းပမည့် “Economic Transformation, Development and Cooperation: The Past, The Present and The Future Myanmar and Poland” Seminar ကို ၂၀၁၅ခုနှစ်၊ ဒီဇင်ဘာလ (၂) ရက်မှ (၃) ရက်နေ့ အထိ ရန်ကုန်မြို့၊ ကန်တော်ကြီးပဲလေ့(စ်) ဟိုတယ်တွင် ကျင်းပပြုလုပ်မည်ဖြစ်ပါသည်။
၂။ အဆိုပါဆွေးနွေးပွဲ၌ မြန်မာနိုင်ငံ၏ ဖွံဖြိုးတိုးတက်မှုအခြေအနေများ၊ မြန်မာနိုင်ငံ၏ ပြောင်းလဲမှု အခြေအနေများနှင့် ပိုလန်နိုင်ငံ၏အတွေ့အကြုံများ၊ ပိုလန်နိုင်ငံ၏ စီပွားရေး ပြောင်းလဲ ဖွံဖြိုးတိုးတက်မှုနှင့် ဘဏ္ဍာရေးဆိုင်ရာ နည်းစနစ်ဖွံ့ဖြိုးတိုးတက်မှု အခြေအနေများ၊ ဥရောပအလယ်ပိုင်း ဒေသရှိ စီးပွားရေး ပြောင်းလဲမှု အခြေအနေများ၊ နိုင်ငံခြား စီးပွားကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ကိစ္စရပ်များ၊ ပိုလန်-မြန်မာ နှစ်နိုင်ငံအကြား စီးပွားရေး ဆိုင်ရာ အခွင့်အလမ်းများနှင့် ပူးပေါင်းဆောင်ရွက်နိုင်မှုအခြေအနေများနှင့် မြန်မာနိုင်ငံ၏ စီပွားရေး ဖွံဖြိုးတိုးတက်မှုဆိုင်ရာ အချက်အလက်များ စသည်တို့ကို ဆွေးနွေး တင်ပြကြမည်ဖြစ်ပြီး အခမ်းအနားကို အောက်ဖော်ပြပါ အစီအစဉ်အတိုင်း ကျင်းပပြုလုပ်မည်ဖြစ်ပါသည်။

ကျင်းပမည့်နေ့ရက် – ၂.၁၂.၂၀၁၅ရက်(ဗုဒ္ဓ္ဓဟူးနေ့)
၃.၁၂.၂၀၁၅ရက်(ကြာသပတေးနေ့)
ကျင်းပမည့်အချိန် – ၉း၀၀ ~ ၁၇း၀၀ နာရီ
၉း၀၀ ~ ၁၂း၀၀ နာရီ
ကျင်းပမည့်နေရာ – Kandawgyi Palace Hotel, Yangon.

၃။ သို့ဖြစ်ပါ၍ အထက်ပါပွဲသို့တက်ရောက်ရန် စိတ်ပါဝင်စားပါက ပူးတွဲပါ Form ပုံစံတွင် ပြည့်စုံစွာ ဖြည့်စွက်၍ ဤအသင်းချုပ် နိုင်ငံတကာဆက်ဆံရေးဌာနသို့ (၂၃.၁၁.၂၀၁၅) ရက်နေ့ နောက်ဆုံးထား၍ ပြန်လည် ပေးပို့ပေးပါရန် မေတ္တာရပ်ခံ ဖိတ်ကြားအပ်ပါသည်။

ကုန်သည်စက်မှုအသင်းချုပ်

Agenda (Poland)-1

Agenda (Poland)-2

Invitation-1

GDE Error: Error retrieving file - if necessary turn off error checking (404:Not Found)

About the Author

UMFCCI Administration Team. Please contact the Public Relations Unit at UMFCCI, Tel: 01-2314344 Ext 323.

View all posts by

Leave a Comment

comm comm comm