Daewoo Int’l Corporation မှ Managing Director လာရောက်တွေ့ဆုံ

Written by  //  December 23, 2014  //  UMFCCI News  //  No comments

website

ရန်ကုန် ဒီဇင်ဘာ ၄၊၂၀၁၄
Daewoo International Corporation ၏ Managing Director Mr.Han Chan Kun နှင့် ကိုယ်စားလှယ်တစ်ဦးသည် ၂၀၁၄ခုနှစ် ဒီဇင်ဘာလ ၄ရက်နေ့ မွန်းလွဲ ၃:၃၀ အချိန်တွင် ကုန်သည်စက်မှုအသင်းချုပ်သို့ လာရောက်တွေ့ဆုံရာ အသင်းချုပ် ဥက္ကဋ္ဌဦးဝင်းအောင်၊ တွဲဖက်အထွေထွေ အတွင်းရေးမှူး ဦးအေးလွင်နှင့် အမှုဆောင်အရာရှိချုပ် ဦးတင့်ဆွေတို့က အသင်းချုပ် အဆောက်အအုံ တတိယထပ်တွင် လက်ခံတွေ့ဆုံခဲ့ပါသည်။
တွေ့ဆုံရာတွင် Daewoo ၏ရန်ကုန်မြို့အတွင်း၊ ရုံးခန်းဖွင့်လှစ်ရေးကိစ္စ၊ မြန်မာနိုင်ငံရှိ စီးပွားရေးလုပ်ငန်းများနှင့် ပူးပေါင်းဆောင်ရွက်ရေးကိစ္စ၊ အသင်းချုပ် အဆောက်အအုံတွင် ရုံးခန်းဖွင့်လှစ်ရန် နေရာစီစဉ်ထားရှိမှု ကိစ္စများနှင့် အသင်းချုပ် ဥက္ကဋ္ဌ ဦးဝင်းအောင် တောင်ကိုးရီးယားနိုင်ငံတွင် ဒီဇင်ဘာလ ၁၁ရက်နေ့၌ ကျင်းပမည့် အာဆီယံ- ကိုရီးယား CEO Summit သို့ တက်ရောက်မည့် ကိစ္စများကို ဆွေးနွေး ပြောဆိုခဲ့ပါသည်။

ကုန်သည်စက်မှုအသင်းချုပ်

About the Author

UMFCCI Administration Team. Please contact the Public Relations Unit at UMFCCI, Tel: 01-2314344 Ext 323.

View all posts by

Leave a Comment

comm comm comm