Global MBA Batch 11 ကျောင်းသားကျောင်းသူများအား ကြိုဆို

Written by  //  October 1, 2018  //  Training Programs, UMFCCI News  //  No comments

အနာဂတ်လူငယ်စီးပွားရေးခေါင်းဆောင်များပေါ်ထွန်းလာစေရေး၊ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးနှင့် စီးပွားရေးအသိုက်အဝန်း မြှင့်တင်နိုင်ရန် ရည်ရွယ်၍ UMFCCI နှင့် UTCC ပူးပေါင်းကာ ၂၀၁၂ခုနစ်တွင် Global MBA offshore program ကို ဖွင့်လှစ်ခဲ့ပါတယ်။

ယမန်နေ့က ရန်ကုန်မြို့ Sule Shangri-La Hotel ၌ Global MBA Offshore program Batch-11 တွင် တက်ရောက်မည့် ကျောင်းသားကျောင်းသူများအား ကြိုဆို၍ ညစာစားပွဲ ကျင်းပခဲ့ပါတယ်။
Global MBA Batch 11 ကျောင်းသားကျောင်းသူများအား ကြိုဆို

အနာဂတ်လူငယ်စီးပွားရေးခေါင်းဆောင်များပေါ်ထွန်းလာစေရေး၊ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးနှင့် စီးပွားရေးအသိုက်အဝန်း မြှင့်တင်နိုင်ရန် ရည်ရွယ်၍ UMFCCI နှင့် UTCC ပူးပေါင်းကာ ၂၀၁၂ခုနစ်တွင် Global MBA offshore program ကို ဖွင့်လှစ်ခဲ့ပါတယ်။

ယမန်နေ့က ရန်ကုန်မြို့ Sule Shangri-La Hotel ၌ Global MBA Offshore program Batch-11 တွင် တက်ရောက်မည့် ကျောင်းသားကျောင်းသူများအား ကြိုဆို၍ ညစာစားပွဲ ကျင်းပခဲ့ပါတယ်။

အခမ်းအနားတွင် အသင်းချုပ် ဥက္ကဋ္ဌ ဦးဇော်မင်းဝင်းမှ အဖွင့်အမှာစကား၊ International College/UTCC မှ Dean, Dr.Jakarin Srimoon မှ နှုတ်ခွန်းဆက်အမှာစကားများ ပြောကြားခဲ့ပြီး MBA Batch-9 နှင့် 10 တို့မှ စီနီယာကျောင်းသားများမှ MBA program တက်ရောက်နေမှု အတွေ့အကြုံများကို မျှဝေခဲ့ကြပါတယ်။
MBA ကျောင်းသားကျောင်းသူများမှလည်း တေးသံသာများ၊ သရုပ်ဆောင်ပြကွက်များဖြင့် ဖျော်ဖြေတင်ဆက်ခဲ့ကြပါတယ်။

Global MBA program ဘွဲ့ရဦးရေ ၃၂၀ ဦး မွေးထုတ်နိုင်ခဲ့ပြီး ယခု လက်ရှိ ၂၇၂ ဦး တက်ရောက်လျက်ရှိပါတယ်။

ကြိုဆိုညစာစားပွဲသို့ အသင်းချုပ် ဥက္ကဋ္ဌ နှင့် အတူ ဒုတိယဥက္ကဋ္ဌများ ၊ အထွေထွေအတွင်းရေးမှူးချုပ်၊ တွဲဖက်အထွေထွေအတွင်းရေးမှူး ၊ ဗဟိုအလုပ်အမှုဆောင်၊ အလုပ်အမှုဆောင်များ၊ UTCC မှ ဆရာ၊ ဆရာမများ၊ Global MBA ကျောင်းသားကျောင်းသူများ စုံလင်စွာ တက်ရောက်ခဲ့ကြပါတယ်။

ကုန်သည်စက်မှုအသင်းချုပ်

About the Author

UMFCCI Administration Team. Please contact the Public Relations Unit at UMFCCI, Tel: 01-2314344 Ext 323.

View all posts by

Leave a Comment

comm comm comm