” Human Resource Management – Case Study of Japanese Companies in Myanmar” သင်တန်းအား အသင်းချုပ်တွင် ဖွင့်လှစ်ပို့ချမည်

Written by  //  January 30, 2018  //  Seminars  //  No comments

ဂျပန်နိုင်ငံ၊ ပင်လယ်ရပ်ခြား ကျွမ်းကျင်မှုဆိုင်ရာ လူ့စွမ်းအားအရင်းအမြစ်နှင့်စက်မှုလုပ်ငန်း ဖွံ့ဖြိုး တိုးတက်ရေးအဖွဲ့ (AOTS) နှင့် မြန်မာနိုင်ငံကုန်သည်စက်မှုအသင်းချုပ် (UMFCCI) တို့ ပူးပေါင်း၍ Seminar on ” Human Resource Management – Case Study of Japanese Companies in Myanmar” ကို အသင်းချုပ်သင်တန်းကျောင်း၌ ဖွင့်လှစ်ပို့ချပေးမှာ ဖြစ်ပါတယ်။

 

Seminar ရည်ရွယ်ချက်မှာ HRM ၏ Theoretical Framework နဲ့အတူ Best Practices များ၊ ဂျပန်ကုမ္ပဏီများ၏ Industrial Relations နဲ့ ပတ်သက်သော ဖြစ်ရပ်မှန် အခြေအနေများကို လေ့လာနိုင်ရန်နှင့် တက်ရောက်သူများ အချင်းချင်း ဆွေးနွေးဖလှယ်နိုင်ရန် ဖြစ်ပါတယ်။

 

 

Seminar အား ဂျပန်နိုင်ငံ၊ Waseda University မှ Professor Mitsuhide Shiraki က မြန်မာဘာသာပြန်ဖြင့် ပို့ချပေးမည်ဖြစ်ပြီး ဘွဲ့ရ၊ အသက် ၂၃ နှစ်မှ ၆၀ နှစ်အတွင်းရှိသော အသင်းချုပ် CEC ၊ EC များ၊ ညီနောင်အသင်းများ၊ အသင်းဝင် ကုမ္ပဏီများ၏ အမှုဆောင် (သို့) ၀န်ထမ်းများ၊ စက်မှုလုပ်ငန်းများမှ မန်နေဂျာ၊ ကြီးကြပ်ရေးမှူးနှင့် အမှုဆောင်အရာရှိများ အခမဲ့တက်ရောက်နိုင်မှာ ဖြစ်ပါတယ်။

 

သင်တန်းသို့ တက်ရောက်ရန် စိတ်ပါဝင်စားပါက https://goo.gl/k7DjdG ရှိလျှောက်လွှာပုံစံအား ဖြည့်စွက်၍ ၁၃.၂.၂၀၁၈ ရက်နေ့ နောက်ဆုံးထားပြီး လျှောက်လွှာနှင့်အတူ သက်ဆိုင်ရာအဖွဲ့အစည်းများ၏ ထောက်ခံစာများအား ပူးတွဲ၍ ကိုယ်တိုင် (သို့) Email: hrd@umfcci.com.mm သို့ ပေးပို့ လျှောက်ထားနိုင်ပါတယ်။ လူဦးရေ ကန့်သတ်ထားသောကြောင့် လျှောက်လွှာများကို စီစစ်ရွေးချယ် သွားမည်ဖြစ်ကာ၊ အသေးစိတ် သိရှိလိုပါက HRD ဌာန၊ ဖုန်းနံပါတ် ၀၁-၂၃၁၄၃၄၄ ~ ၄၉ (လိုင်းခွဲ ၁၃၃၊ ၁၃၄) သို့ ဆက်သွယ်စုံစမ်းနိုင်ပါတယ်။

 

သင်တန်းနေ့ရက်  –   ၁၅.၂.၂၀၁၈ မှ ၁၆.၂.၂၀၁၈

သင်တန်းအချိန်    –   နံနက် ၉း၀၀ နာရီမှ ညနေ ၄း၃၀ နာရီအထိ

သင်တန်းနေရာ    –   စာသင်ခန်းမ (၁)၊ ကုန်သည်စက်မှုအသင်းချုပ်။

 

ကုန်သည်စက်မှုအသင်းချုပ်

About the Author

UMFCCI Administration Team. Please contact the Public Relations Unit at UMFCCI, Tel: 01-2314344 Ext 323.

View all posts by

Leave a Comment

comm comm comm