IFC နှင့် ကုန်သည်စက်မှုအသင်းချုပ်တို့ စားနပ်ရိက္ခာဘေးကင်းစိတ်ချရသည့် Food Safety လုပ်ငန်းစဉ်များတွင် ပူးပေါင်း ဆောင်ရွက်နိုင်ရေး သဘောတူညီမှုစာချွန်လွှာလက်မှတ်ရေးထိုး

Written by  //  September 4, 2018  //  Press Releases, UMFCCI News  //  No comments

ကမ္ဘာ့ဘဏ်အုပ်စုအဖွဲ့ဝင်ဖြစ်သော International Finance Corporation (IFC) နှင့် ကုန်သည်စက်မှုအသင်းချုပ်တို့ ယနေ့နံနက်ပိုင်းတွင် အသင်းချုပ်၌ စားနပ်ရိက္ခာဘေးကင်းလုံခြုံစိတ်ချရသည့် Food Safety လုပ်ငန်းစဉ်များတွင် ပူးပေါင်းဆောင်ရွက်နိုင်ရန် သဘောတူညီမှုစာချွန်လွှာ လက်မှတ်ရေးထိုးခဲ့ကြသည်။

 

စားနပ်ရိက္ခာများအား အရည်အသွေးကောင်းရုံသာမက၊ ရေရှည်ဈေးကွက်ဝင်အောင် ထိန်းထားနိုင်စေရန် ရည်ရွယ်ပြီး ပြည်ပသို့တင်ပို့သည့်ပို့ကုန်များ အထူးသဖြင့် လယ်ယာသားငါးထွက်ကုန်သည် ပြည်ပသို့အများဆုံး တင်ပို့နေသည့် အတွက်  စားနပ်ရိက္ခာ ဘေးကင်းစိတ်ချရတဲ့ Food Safety နှင့်ပတ်သက်တဲ့ လုပ်ငန်းစဉ်တွေ ကျယ်ကျယ်ပြန့်ပြန့် အသုံးပြု ရန် လိုအပ်လျက်ရှိသည်။

 

“ကျွန်တော်တို

့ တိုင်းပြည်မှာ စားနပ်ရိက္ခာဘေးကင်းလုံခြုံရေးနဲ့ ပတ်သက်တဲ့သင်တန်းတွေ၊ ပညာပေးတဲ့ အစီအစဉ်တွေ၊ လက်တွေ့သင်ကြားပြသတဲ့အပိုင်းတွေမှာ ပူးပေါင်းဆောင်ရွက်ဖို့ ကုန်သည်စက်မှုအသင်းချုပ် အနေနဲ့ IFC နဲ့ ဒီနေ့မှာ လက်မှတ်ရေးထိုးခဲ့တာပါ၊ Food Safety နဲ့ပတ်သက်တဲ့ လုပ်ငန်းစဉ်တွေကို ကျယ်ကျယ်ပြန့်ပြန့်နဲ့ နိုင်ငံတကာ စံချိန်စံညွှန်းနဲ့အညီ ပူးပေါင်းဆောင်ရွက်သွားမှာပါ” ဟု ကုန်သည်စက်မှုအသင်းချုပ် ဒုတိယဥက္ကဋ္ဌ ဦးရဲမင်းအောင် က ပြောကြားခဲ့သည်။

စားနပ်ရိက္ခာဘေးကင်းလုံခြုံရေးအတွက် စီမံခန့်ခွဲမှုနည်းစနစ်တွင် ရင်းနှီးမြှုပ်နှံခြင်းသည် တိုင်းပြည်၏ စိုက်ပျိုးမွေးမြူရေး လုပ်ငန်းတိုးမြှင့်ဖို့အတွက် အဓိကလိုအပ်ချက်

တစ်ခုပင်ဖြစ်သည်ဟု IFC ဖက်မှလည်း သုံးသပ်ထားသည်။  

 

Food Safety နှင့် ပတ်သက်သည့် လုပ်ငန်းစဉ်များသည် နိုင်ငံတကာတွင် တွင်ကျယ်စွာအသုံးပြုနေပြီး မြန်မာနိုင်ငံ အနေဖြင့်လည်း စားသုံးသူအားလုံး ဘေးကင်းရန်အတွက် နိုင်ငံတကာစံချိန်စံညွှန်းနဲ့အညီ ပူးပေါင်းဆောင်ရွက်သွားရန် ရည်ရွယ်ပါသည်။

 

ကုန်သည်စက်မှုအသင်းချုပ်နှင့် IFC တို့ ယခုလို ပူးပေါင်းဆောင်ရွက်မှုကို ၂၀၁၇ခုနစ် နိုဝင်ဘာလက စတင်စီစဉ် ဆောင်ရွက်ခဲ့ခြင်း ဖြစ်ပါသည်။

 

ယနေ့အခမ်းအနားတွင် သဘောတူ

 

ညီမှုစာချွန်လွှာကို ကုန်သည်စက်မှုအသင်းချုပ် ဒုတိယဥက္ကဋ္ဌ ဦးရဲမင်းအောင်နှင့် IFC ဖက်မှ Mr.Vivek Pathak , IFC Director for East Asia and the Pacific တို့မှ လက်မှတ်ရေးထိုးခဲ့ကြသည်။

 

ကုန်သည်စက်မှုအသင်းချုပ်

About the Author

UMFCCI Administration Team. Please contact the Public Relations Unit at UMFCCI, Tel: 01-2314344 Ext 323.

View all posts by

Leave a Comment

comm comm comm