“IFC Food Safety Foundation Course for Company Quality Managers” သင်တန်း ⬇️⬇️⬇️⬇️⬇️⬇️⬇️⬇️

Written by  //  January 22, 2019  //  Uncategorized  //  No comments

 

ကုန်သည်စက်မှုအသင်းချုပ်နှင့် International Finance Corporation (IFC) တို့ ပူးပေါင်း၍ မြန်မာနိုင်ငံ၏ ပို့ကုန်တိုးမြှင့်ရေး၊ ရင်းနှီးမြှပ်နှံမှုများနှင့် အလုပ်အကိုင်အခွင့်အလမ်းများ တိုးပွားလာစေရေးတို့အတွက် လယ်ယာသားငါးကဏ္ဍ နှင့် စားသောက်ကုန်ကဏ္ဍတို့မှ ပြည်ပတင်ပို့သူများ၊ စက်ရုံအလုပ်ရုံများကို နိုင်ငံတကာဈေးကွက်သို့ ထိုးဖောက်ရာတွင် လိုအပ်သော စားသောက်ကုန် ဘေးကင်းလုံခြုံရေးဆိုင်ရာ အလေ့အထများ တိုးတက်စေရန်အတွက် နည်းပညာအကူအညီများ ပံ့ပိုးပေးနိုင်ရန် ဖော်ပြပါ သင်တန်းကို ကျင်းပသွားမည် ဖြစ်ပါသည်။

 

👉 သင်တန်းအမည် – “IFC Food Safety Foundation Course for Company Quality Managers”

👉 နေ့ရက် – ၇.၂.၂၀၁၉ မှ ၉.၂.၂၀၁၉ အထိ

👉 အချိန် – နံနက် (၉း၀၀)နာရီ မှ ညနေ(၆း၀၀) နာရီအထိ

👉 နေရာ – အခန်း (၄၁၂)၊ စတုတ္ထထပ်၊ ကုန်သည်စက်မှုအသင်းချုပ်
အမှတ်- ၂၉၊ မင်းရဲကျော်စွာလမ်း၊ လမ်းမတော်မြို့နယ်

 

သင်တန်းသို့ Company Quality Manager များ (သို့မဟုတ်) ၄င်းနှင့်ဆက်စပ်သော လုပ်ငန်းနယ်ပယ်တွင် ပါဝင်ဆောင်ရွက်နေသည့် ဝန်ထမ်းများ တက်ရောက်နိုင်မည်ဖြစ်ရာ အသင်းချုပ် အသင်းဝင်များနှင့် ညီနောင်အသင်းများမှ စိတ်ပါဝင်စားသူများ တက်ရောက်လိုပါက ပူးတွဲပါ https://drive.google.com/…/0Bz6YtF4j7SwEb2lNWHlpUE4zZ…/view… လျှောက်လွှာအား ဖြည့်စွက်၍ CV ဖောင်နှင့်အတူ လျှောက်ထားနိုင်ပါသည်။

 

လူဦးရေကန့်သတ်ထားပါသဖြင့် ဆောလျှင်စွာ ပေးပို့လျှောက်ထားနိုင်ပါရန် နှင့် စုံစမ်မေးမြန်းလိုသည်များရှိပါက HRD ဌာန၊ ဖုန်းနံပါတ် ၂၃၁၄၃၄၄ ~ ၄၉ (Ext: ၁၃၃၊ ၁၃၄) သို့ ဆက်သွယ်စုံစမ်း မေးမြန်းနိုင်ပြီး Email : hrd@umfcci.com.mm သို့ ၃၀.၁.၂၀၁၉ ရက်နေ့ နောက်ဆုံးထားပြီး အီးမေးလ်ပေးပို့ လျှောက်ထားနိုင်ပါသည်။

ကုန်သည်စက်မှုအသင်းချုပ်

About the Author

UMFCCI Administration Team. Please contact the Public Relations Unit at UMFCCI, Tel: 01-2314344 Ext 323.

View all posts by

Leave a Comment

comm comm comm