India Industrial Fair 2015 ပါဝင်တက်ရောက်ပြသပေးပါရန် ဖိတ်ကြားခြင်း

Written by  //  June 30, 2015  //  Exhibition News  //  No comments

၁။ အိန္ဒိယနိုင်ငံ၊ Jodhpur (Rajiasthan) တွင် ၂၀၁၅ခုနှစ်၊အောက်တိုဘာလ ၂ ရက်နေ့ ၅ ရက်နေ့ တွင်ကျင်းပပြုလုပ်မည့် India Industrial Fair 2015 ပြပွဲသို့ မြန်မာနိုင်ငံရှိ စီးပွားရေးလုပ်ငန်းရှင်များ ၊အသင်းအဖွဲ့များပါဝင်ပြသတက်ရောက်ပေးပါရန် အသင်းချုပ်သို့ ရည်ညွန်းချက်ပါစာဖြင့် ဖိတ်ကြားလာပါသည်။

၂။ အဆိုပါ ပြပွဲတွင် မြန်မာနိုင်ငံရှိစီးပွားရေးလုပ်ငန်းရှင်များကို မိတ်ဖက်အဖြစ်လည်ကောင်း၊ ပြပွဲပြသ သူအဖြစ်လည်ကောင်း ၊ လာရောက်လေ့လာသူအဖြစ်လည်ကောင်း ဖိတ်ကြား ပါကြောင်း၊ ပြပွဲမှာ အိန္ဒိယနိုင်ငံ၏ စက်မှုပြပွဲကြီးဖြစ်ကြောင်း၊နိုင်ငံတကာမှ သတ္တုတွင်းလုပ်ငန်းများ၊ရေနံတူးဖော်ရေးလုပ်ငန်းများ၊ဘိလပ်မြေလုပ်ငန်းများ၊ ပရိဘောဂလုပ်ငန်းများ၊ သံထည်ပစ္စည်းလုပ်ငန်းများ၊အထည်အလိပ်လုပ်ငန်းများ၊စတီးထုတ်လုပ်ရေးဆိုင်ရာနည်းပညာသစ်များနှင့် ထုတ်ကုန်သစ်များကိုလည်းပါဝင်ပြသကြမည်ဖြစ်ကြောင်း ဖော်ပြပါရှိပါသည်။

၃။ သို့ဖြစ်ပါ၍ ပြပွဲသို့ စိတ်ပါဝင်စား၍ ပါဝင်တက်ရောက်ပြသလိုသော ညီနောင်အသင်းများ၊အသင်းဝင်များ၊ ကုမ္ပဏီများသည်ပူးတွဲပါ Application Form တွင်ဖြညိစွက်၍ပါဝင် ပြသမည့်ကုမ္ပဏီအမည်၊ပုဂ္ဂိုလ်စာရင်း၊ နှင့် ပါဝင် ပြသမည့် Invoiceစာရင်များကိုအသင်းချုပ် ပြပွဲဌာနစိတ် 214344 Ext:30, memberaffairs@umfcci. org.mm သို့ ဆက်သွယ်စုံစမ်း၍ ကုမ္ပဏီအမည် ပုဂ္ဂိုလ်စာရင်းများကို (၁၀.၈.၂၀၁၅ ရက်နေ့နောက်ဆုံးထား၍ ) ဆောလျင် စွာ ပေးပို့ပေးပါရန် မေတ္တာရပ်ခံဖိတ်ကြားအပ်ပါသည်။

ကုန်သည်စက်မှုအသင်းချုပ်

GDE Error: Error retrieving file - if necessary turn off error checking (404:Not Found)

About the Author

UMFCCI Administration Team. Please contact the Public Relations Unit at UMFCCI, Tel: 01-2314344 Ext 323.

View all posts by

Leave a Comment

comm comm comm