“INDIA RUBBER EXPO 2017(IRE-2017)” ပြပွဲသို့ ဖိတ်ကြားလာခြင်းကိစ္စ

Written by  //  February 26, 2016  //  Exhibition News, Trade Fairs and Exhibitions  //  No comments

၁။ အိန္ဒိယနိုင်ငံ၊ Chennai မြို့၊ Chennai Trade Centre၌ ၂၀၁၇ခုနှစ်၊ ဇန်န၀ါရီလ (၁၉) ရက်နေ့မှ (၂၁)ရက်နေ့ အထိ All India Rubber Industries Association (AIRIA) မှကြီးမှူးကျင်းပပြုလုပ်မည့် “INDIA RUBBER EXPO 2017(IRE-2017)”ပြပွဲအခမ်းအနားသို့ သက်ဆိုင်ရာမြန်မာနိုင်ငံမှ ကိုယ်စားလှယ်များ၊ စီးပွားရေးလုပ်ငန်းရှင်များ၊ ကုန်သည်အသင်းအဖွဲ့များအား ပါဝင်တက်ရောက်နိုင်ပါရန် အသင်းချုပ်သို့ရည်ညွန်းချက်ပါစာဖြင့် ဖိတ်ကြားလာ ပါသည်။

၂။ အဆိုပါအခမ်းအနားသည် (၉)ကြိမ်မြောက်ဖြစ်ပြီး ပြပွဲအား (၂၀၀၁)ခုနှစ်မှစတင်၍ (၂)နှစ်လျှင်တစ်ကြိမ် ကျင်းပခဲ့ခြင်း ဖြစ်ပါကြောင်း၊ ယခုနှစ် အခမ်းအနား တွင် အိန္ဒိယနိုင်ငံနှင့်နိုင်ငံတကာမှ ပြသသူ (၄၀၀)ဦး နှင့် တက်ရောက်သူဦးရေ (၃၀,၀၀၀)၀န်းကျင်ခန့်ရှိမည်ဟု ခန့်မှန်းထားပါကြောင်း၊ ၂၅,၀၀၀ စတုရန်းမီတာ အကျယ်အ၀န်း ရှိသောနေရာတွင် နောက်ဆုံးပေါ် နည်းပညာများ၊ ကုန်ကြမ်းပစ္စည်းများ၊ ကုန်ချောပစ္စည်းများ၊ စက်ပစ္စည်းများ အစရှိသည်များအား ပြသသွားမည်ြ ဖစ်ကြောင်း စသည်ဖြင့်ဖော်ပြပါရှိပါသည်။

၃။ သို့ဖြစ်ပါ၍ တက်ရောက်လိုသော စိတ်ပါဝင်စားသည့် ကုန်သည်စက်မှုအသင်းချုပ်နှင့် ညီနောင်အသင်းများမှ အသင်းသားများ၊ စီးပွားရေး လုပ်ငန်းရှင်များ အနေဖြင့် အသေးစိတ်အချက်အလက်များ သိရှိလိုပါက website: www.indiarubberexpo.in နှင့် အသင်းချုပ်ပြပွဲဌာနစိတ် Phone:၂၃၁၄၃၄၄~၄၉ Ext:၃၀၁၊ Mobile: ၀၉-၄၅၀၂၀-၀၃၅၀၊ E-mail:ma@umfcci.com.mm သို့ ဆက်သွယ်မေးမြန်းနိုင်ပါကြောင်း အကြောင်းကြားဖိတ်ကြားအပ်ပါသည်။
ကုန်သည်စက်မှုအသင်းချုပ်

Download (PDF, 3.05MB)

About the Author

UMFCCI Administration Team. Please contact the Public Relations Unit at UMFCCI, Tel: 01-2314344 Ext 323.

View all posts by

Leave a Comment

comm comm comm