India Scholarship လျှောက်ထားနိင်ပါသည်

Written by  //  December 22, 2017  //  Scholarships  //  No comments

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်တွင် အိန္ဒိယနိုင်ငံမှ ပေးအပ်သည့် အောက်ဖော်ပြပါ ကာလတို/ကာလရှည် ပညာသင်ဆုများသို့ အရည်အချင်း ပြည့်မီ သူ ပုဂ္ဂိုလ်များသည် သက်ဆိုင်ရာ website နှင့်ဆက်သွယ်၍ ယှဉ်ပြိုင်လျှောက်ထားနိုင်ပါသည်။

***Trainers Training On Promotion Of Self Employment And Skill Development (tt- psesd) at National Institute Of Entrepreneurship And Small Business Development***

From : 19.3.2018 to 20.4.2018
Website: goo.gl/ijBy2c

***15 Month Executive Post Graduate Diploma In Management at International Management Institute***
From : 30.3.2018 to 29.3.2019
Website : goo.gl/rbSnPV

*** Tourism And Hospitality Management (thm) at National Institute For Micro Small & Medium Enterprises ***
From : 22.1.2018 to 16.3.2018
Website : goo.gl/EdbjkP

***Training of Trainers In Entrepreneurship And Skill Development (tot-esd) at National Institute For Micro Small & Medium Enterprises ****
From : 22.1.2018 to 16.3.2018
Website : goo.gl/XGbs61

အဆိုပါ ပညာသင်ဆုများသို့ ကုန်သည်စက်မှုအသင်းချုပ် နှင့် ပြည်နယ်တိုင်း၊ နယ်စပ် CCI မှ အမှုဆောင် နှင့် ၀န်ထမ်းများ၊ ညီနောင်အသင်းများမှ အမှုဆောင်နှင့် ၀န်ထမ်းများ၊ ကုန်သည်စက်မှုအသင်းချုပ် အသင်းဝင် ကုမ္ပဏီများမှ အဖွဲ့ဝင် (သို့) ၀န်ထမ်းများ လျှောက်ထားနိုင်မည်ဖြစ်ပြီး လျှောက်ထားရန် စိတ်ပါဝင်စားပါက အသေးစိတ်အချက်အလက်များကို သက်ဆိုင်ရာ Website များတွင် ၀င်ရောက်လေ့လာ၍ ကုန်သည်စက်မှု အသင်းချုပ်၏ ခွင့်ပြုချက်စာ ပူးတွဲ၍ Website များတွင်ဖော်ပြထားသည့် သတ်မှတ်ရက်ထက် နောက်မကျပဲ လျှောက်ထားနိုင်ပါသည်။ အသင်းချုပ်၏ ခွင့်ပြုချက် ရယူနိုင်ရေးအတွက် အသင်းချုပ် အမှုဆောင်အရာရှိချုပ်ထံ လိပ်မူ၍ ကိုယ်တိုင်ရေး လျှောက်လွှာ (၁)စောင်၊ လျှောက်ထားသူ၏ CV၊ ဓါတ်ပုံ (၂)ပုံ၊ အသင်းဝင်ကဒ်မိတ္တူ၊ မှတ်ပုံတင်မိတ္တူ၊ ကုန်သည်စက်မှုအသင်းချုပ်နှင့် ညီနောင်အသင်းများမှ အမှုဆောင် (သို့) ၀န်ထမ်း၊ ကုန်သည် စက်မှုအသင်းချုပ် အသင်းဝင်ကုမ္ပဏီများမှ အဖွဲ့ဝင် (သို့) ၀န်ထမ်းဖြစ်ကြောင်း ထောက်ခံစာတို့နှင့်အတူ HRD ဌာန၊ ဖုန်းနံပါတ် ၀၁-၂၃၁၄၃၄၄ ~ ၄၉ (Ext: ၁၃၃၊၁၃၄) နှင့် Email: hrd@umfcci.com.mm သို့ ဆက်သွယ် စုံစမ်းလျှောက်ထားနိုင်ကြောင်း အကြောင်းကြားအပ်ပါသည်။

ကုန်သည်စက်မှုအသင်းချုပ်

About the Author

UMFCCI Administration Team. Please contact the Public Relations Unit at UMFCCI, Tel: 01-2314344 Ext 323.

View all posts by

Leave a Comment

comm comm comm