Indonesian Products , Tourism & Culture Exhibition ” သို့ ပါဝင်ပြသရန် ဖိတ်ကြားလာခြင်းကိစ္စ။

Written by  //  September 29, 2015  //  Exhibition News, UMFCCI News, UpComing Events  //  No comments

၁။ အထက်အကြောင်းအရာပါကိစ္စနှင့်ပတ်သက်၍ အင်ဒိုနီးရှားသံရုံးနှင့် Association of Indonesians in Myanmar (KIM) တို့ ပူးပေါင်း၍ ၂၀၁၅ ခုနှစ်၊ နိုဝင်ဘာလ (၂၁) ရက်နေ့မှ (၂၂) ရက်နေ့အထိ၊ ရန်ကုန်မြို့၊ Junction Square တွင် ပြုလုပ်ကျင်းပမည့် “Indonesian Products , Tourism & Culture Exhibition” သို့ မြန်မာနိုင်ငံမှ စီးပွားရေးလုပ်ငန်းရှင်များ၊ ကုန်သည်အသင်းအဖွဲ့များ ပါဝင်ပြသနိုင်ပါရန် အသင်းချုပ်သို့ ရည်ညွန်းချက်ပါစာဖြင့် ပေးပို့ ဖိတ်ကြားလာပါသည်။
၂။ အဆိုပါပြပွဲတွင် အင်ဒိုနီးရှား SME ကုမ္ပဏီများမှ Consumer goods, Textiles/ Garments စသည့် ထုတ်ကုန်များကို ပြသကြမည်ဖြစ်ပြီး အင်ဒိုနီးရှားရိုးရာအကများ၊ အင်ဒိုနီးရှား ရုပ်ရှင်ပြသမည့် အစီအစဉ်အများ ပါဝင်မည်ဖြစ်ပါကြောင်းလည်း ဖော်ပြပါရှိပါသည်။
၂။ သို့ဖြစ်ပါ၍ အဆိုပါပြပွဲသို့ ကုန်သည်စက်မှုအသင်းချုပ်၊ ညီနောင်အသင်းများမှ အသင်းသားများ၊ စီးပွားရေး လုပ်ငန်းရှင်များအနေဖြင့် ပါဝင်ပြသနိုင်ပါရန်နှင့် ပြပွဲနှင့်ပတ်သက်၍ အသေးစိတ်အချက်အလက်များ သိရှိလိုပါက Economic Section and Information, Social and Culture Section Indonesian Embassy Yangon, Tel: +95 1 254465, 254469, 229750, Fax: +95 1 254468, Mobile: +95 95107741(Mr. Sigit Witjaksono) and +95 95190134(Mrs. Rika Gartika) E-mail: info@kbriyangon.org, economic@kbriyangon.org နှင့် အသင်းချုပ် ပြပွဲဌာနစိတ် Phone: 214344~49 Ext: 301, E-mail: memberaffairs@umfcci.org.mm သို့ ဆက်သွယ်မေးမြန်းနိုင်ပါကြောင်း အကြောင်းကြား ဖိတ်ကြားအပ်ပါသည်။
ကုန်သည်စက်မှုအသင်းချုပ်

GDE Error: Error retrieving file - if necessary turn off error checking (404:Not Found)

About the Author

UMFCCI Administration Team. Please contact the Public Relations Unit at UMFCCI, Tel: 01-2314344 Ext 323.

View all posts by

Leave a Comment

comm comm comm