“International Food Exhibition (IFEX) Philippines : Asia’s Ethnic Food and Ingredients Show” သို့ ဖိတ်ကြားခြင်း

Written by  //  September 30, 2016  //  UMFCCI News  //  No comments

၁။ ဖိလစ်ပိုင်နိုင်ငံ၊ မနီလာမြို့ရှိ World Trade Center (WTC) နှင့် Philippine Trade Training Center (PTTC) တွင် ၂၀၁၇ ခုနှစ်၊ မေလ (၁၈) ရက်နေ့မှ (၂၁)ရက်နေ့အထိ ကျင်းပပြုလုပ်မည့် “International Food Exhibition (IFEX) Philippines ; Asia’s Ethnic Food and Ingredients Show” ပြပွဲသို့ မြန်မာနိုင်ငံမှ သက်ဆိုင်ရာ စီးပွားရေး လုပ်ငန်းရှင်များအနေဖြင့် ပါဝင်တက်ရောက်ပြသနိုင်ပါရန် အသင်းချုပ်သို့ ရည်ညွှန်းချက်ပါစာဖြင့် ပေးပို့ ဖိတ်ကြားလာ ပါသည်။

၂။ အဆိုပါပြပွဲ၏ ယခင်နှစ် အခမ်းအနားတွင် သြစတေးလျ၊ ဘရူနိုင်း၊ တရုတ်၊ ချီလီ၊ အင်ဒိုနီးရှား၊ ဂျပန်၊ ကိုရီးယား အစရှိသည့်နိုင်ငံများအပါအ၀င် နိုင်ငံတကာမှ ပြသသူပေါင်း ၇၀၀ နှင့် တက်ရောက်သူပေါင်း ၁၅၀၀၀ ကျော် တက်ရောက်ပြသခဲ့ပါကြောင်း၊ မြန်မာနိုင်ငံမှ စားသောက်ကုန်နှင့်ပတ်သက်သည့် ကုမ္ပဏီများအား တက်ရောက် ပြသရန်မျှော်လင့်ပါကြောင်း၊ ဈေးနှုန်းများအနေဖြင့် Raw Space Option အား USD 145/sqm နှင့် Booth Package Option အား USD 165/sqm ကျသင့်မည်ဖြစ်ပြီး အနည်းဆုံး 9 sqm ယူရမည်ဖြစ်ကြောင်း စသည်ဖြင့် ဖော်ပြပါရှိ ပါသည်။

၃။ သို့ဖြစ်ပါ၍ ပါဝင်တက်ရောက်လိုသော စိတ်ပါဝင်စားသည့် ကုန်သည်စက်မှုအသင်းချုပ်နှင့်ညီနောင်အသင်းများ မှအသင်းသားများ၊ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် အသေးစိတ်အချက်အလက်များသိရှိလိုပါက Ms. Estelle Uy or Ms. Angeli Mae Lirag၊ Email- euy@citem.com.ph or alirag@citem.com.ph နှင့် အသင်းချုပ် ပြပွဲဌာနစိတ် ဖုန်း:၂၃၁၄၃၄၄~၄၉ Ext:၃၀၁၊ မိုဘိုင်း-၀၉-၄၅၀၂၀၀၃၅၀၊ E-mail: ma@umfcci.com.mm သို့ ဆက်သွယ်မေးမြန်း နိုင်ပါကြောင်း အသိပေးအကြောင်းကြားအပ်ပါသည်။

ကုန်သည်စက်မှုအသင်းချုပ်

Download (PDF, 2.78MB)

About the Author

UMFCCI Administration Team. Please contact the Public Relations Unit at UMFCCI, Tel: 01-2314344 Ext 323.

View all posts by

Leave a Comment

comm comm comm